''5''

27.6K 3.1K 167
                                    

ဂျက်က အရူးတစ်ယောက်လိုပြုမူနေတဲ့ ဂျိမ်းကို ဆက်ပြီးသည်းမခံနိုင်တော့ချေ ။ အဲ့တာကြောင့်မို့ သူရဲ့မီးစွမ်းအားတွေကို ထုတ်သုံးလိုက်တယ် ။

" ငါ မင်းကိုရပ်ဖို့ပြောနေတယ်လေ ဂျိမ်း!"

ရှောင်ကျန့်က ဂျက်ကို ထပ်မံစိုက်ကြည့်မိသွားတယ် ။ သူ့ရဲ့ခန့်မှန်းချက်က မှားသွားတာများလား? ဂျက်က ဝမ်ရီပေါ်လား? ။ တကယ်လို့ အဲ့တာသာအမှန်ဆိုရင် သိပ်ကိုကောင်းမှာပဲ ။ ရှောင်ကျန့်က မျက်လုံးတွေစိုစွတ်လာတယ် ။ သူအရမ်းငိုချင်နေပြီ ။

ဂျိမ်းက သူ့ကို အလစ်ဝင်တိုက်တဲ့ဂျက်ကို အတော်လေးဒေါ်သထွက်နေမိတယ် ။ ကံကောင်းလို့ မီးမလောင်သွားခဲ့တာ ။ သူသာအရှောင်မမြန်ရင် မီးသွေးခဲ့ဖြစ်သွားလောက်ပြီ ။ ဂျိမ်းက အေးစက်စွာဆိုလိုက်တယ် ။

" မင်းက လူသားတစ်ယောက်အတွက် ငါ့ကို သတ်ဖို့ကြိုးစားတယ်ပေါ့လေ? စည်းကမ်းတွေကို မေ့သွားပြီလား ဂျက်? မင်းက အကြီးအကဲတွေရဲ့မျက်နှာပေးမှုကို ထပ်မလိုချင်တော့ဘူးပေါ့ ''

ဂျက်က ဂျိမ်းရဲ့စကားတွေကြောင့် မျက်နှာပျက်သွားပေမဲ့ ဘာမှမဖြစ်သလိုပဲ ပြုမူနေတယ် ။ သူမှာ ဂျိမ်းကိုသတ်ဖို့ ရည်ရွယ်ချက်မရှိဘူး ။ အဲ့တာအပြင် ဂျိမ်းက ရှောင်နိုင်မယ်ဆိုတာကိုလည်း ကောင်းကောင်းသိထားတယ် ။ ဂျိမ်းလိုလူမျိုးက လွယ်လွယ်နဲ့သေနိုင်မယ်တဲ့လား? ။ အဲ့ဒီ​နောက်မှာတော့ သူ့ကို စိုက်ကြည့်နေတဲ့ ရစ်ချက်ကို ကြည့်ကာဆိုလိုက်တယ် ။

" ဒီနေရာကထွက်သွားတော့ ငါ သူ့ကိုတားပေးထားမယ် ''

ရစ်ချက်က သူရဲ့စကားကိုကြားတော့ မယုံကြည်နိုင်တဲ့အလား မျက်လုံးလေးတွေ ဝိုင်းစက်သွားတယ် ။ သူက သူ့ကို ကူညီမယ်လို့ လုံးဝမထင်ထားခဲ့တဲ့ပုံပဲ ။ ထင်လည်းထင်ချင်ရာပဲလေ ဂျိမ်းမရောက်လာခင်တုန်းကဆို သူတို့နှစ်ယောက်က တိုက်လုနီးနီးတောင်ဖြစ်သွားခဲ့တာ ။

ရှောင်ကျန့်က မျက်ခုံးတွေ တွန့်ချိုးလို့နေတယ် ။ ဂျက်က ဝမ်ရီပေါ်မဟုတ်တာ သေချာပါတယ် ။ ဘာလို့သူ့ကို ဂရုစိုက်နေရတာလဲ? ။ သူပဲမှားနေတာများလား? ။ ဒါပေမဲ့ဂျက်ကို ဘယ်လိုပဲကြည့်ကြည့် ဝမ်ရီပေါ်လို့မခံစားမိဘူး ။ ရင်းနှီးနေတဲ့ ခံစားချက်တွေ ဖြစ်မလာဘူး ။ သူစိမ်းတစ်ယောက်ကို ကြည့်နေရသလိုပဲ ခံစားနေရတာ ။

Virus System [ Completed ]Where stories live. Discover now