''15''

39.7K 3.4K 22
                                    

ရှောင်ကျန့်က အချိန်တွေကြာလာတာနဲ့အမျှ ဝမ်ရီပေါ်ကို ပိုပိုချစ်မိလာခဲ့တယ် ။ ဝမ်ရီပေါ်က အရမ်းကောင်းတယ် ။ ​ကောင်းလွန်းလို့ မျက်နှာတောင်ပူမိတယ် ။ ဝမ်ရီပေါ်က သူ့ကိုဆို အမြဲအလိုလိုက်တဲ့အပြင် လိုချင်သမျှကိုလည်း ဖြည်းဆည်းပေးတယ် ။ ဒီလိုလူမျိုးကို ဘယ်သူကများ မချစ်မိပဲနေနိုင်မှာလဲ? ။ ဒါကြောင့်ပဲ သူ့မှာ တစ်နေ့တစ်ထက် စိတ်ပင်ပန်းလာရတာဖြစ်တယ် ။ ဝမ်ရီပေါ်ကို ချစ်လို့ရတာမှန်ပေမဲ့ အများကြီးချစ်မိသွားလို့တော့ မဖြစ်ဘူးလေ ။

ဝမ်ရီပေါ်က အစစ်အမှန်မဟုတ်ခဲ့ဘူး ။ ပုံရိပ်ယောင်ကမ္ဘာတွေထဲက လူသားတစ်ယောက်သာဖြစ်တယ် ။ အများကြီးမချစ်မိအောင်လို့ သူကိုယ်သူထိန်းချုပ်ထားခဲ့ပေမဲ့ နှလုံးသားကတော့ ခွင့်မပြုခဲ့ဘူး ။ ဒါကြောင့်အလွန်ထိတ်လန့်နေမိတယ် ။ သူရဲ့နှလုံးသာကို ဆုံးရှုံးလိုက်ရမှာကိုပေါ့ ။ သူက ဝမ်ရီပေါ်နဲ့မတူဘူး ။ သူက ဒီပုံရိပ်ယောင်ကမ္ဘာတွေထဲက လူမဟုတ်ဘူး ။ သူက ဒီ​နေရာနဲ့မသက်ဆိုင်တဲ့ အပြင်လူတစ်ယောက်သာဖြစ်တယ် ။

ဝမ်ရီပေါ်က သူ့ကို ဝမ်းနည်းတဲ့မျက်လုံးတွေနဲ့ ခဏခဏစိုက်ကြည့်လာတဲ့ ရှောင်ကျန့်ကြောင့် နားမလည်နိုင်ဖြစ်လို့နေတယ် ။

" ဘာတွေကိုစဉ်စား​နေလို့ ဝမ်းနည်းနေရတာလဲ ဘေဘီရယ် ''

ဝမ်ရီပေါ်က ရှောင်ကျန့်ကိုပွေ့ချီလို့ သူရဲ့ပေါင်ပေါ်မှာ ထိုင်စေလိုက်တယ် ။ အဲ့ဒီနောက်မှာတော့ ခါးသွယ်သွယ်လေးနှစ်ဖက်ကို တင်းကြပ်စွာဖက်ကာ လည်ပင်းသားတွေကို စုပ်ယူကိုက်ခဲပစ်လိုက်တယ် ။

" ရီပေါ် မင်း ငါ့ကိုထာဝရချစ်သွားမှာလားဟင်? ''

" ဒါပေါ့ ကိုယ်အသက်ရှူနေသ၍ မင်းကိုပဲချစ်သွားမှာ ။ မင်းကလွဲပြီး ဘယ်သူကိုမှချစ်မှာမဟုတ်ဘူး ။ မင်းတစ်ယောက်တည်း မင်းတစ်ယောက်တည်းကိုပဲချစ်သွားမှာ ဘယ်ဘဝရောက်ရောက်ပေါ့ ''

ရှောင်ကျန့်က ထိုစကားတွေကြောင့် မျက်ရည်တွေစီးကျလာယ် ။ ဝမ်ရီပေါ်က ​ရှောင်ကျန့်ရဲ့မျက်ရည်တွေကိုမြင်တော့ အလွန်ပင်ထိတ်လန့်သွားရတော့တယ် ။ ရှောင်ကျန့်... ရှောင်ကျန့်ကငိုနေတယ်! သူရဲဘေဘီလေးက မျက်ရည်တွေကျနေတယ်!! ။

Virus System [ Completed ]Where stories live. Discover now