''6''

25K 2.7K 70
                                    

ရှောင်ကျန့်ဟာ ဗန်ကို စွန့်အစွာစိုက်ကြည့်နေမိတယ် ။ ဗန်ရဲ့မျက်နှာက သူရဲ့စတုတ္ထကမ္ဘာကမျက်နှာနဲ့ တစ်ထပ်တည်းတူညီနေတယ် ။ ရှောင်ကျန့်က လုံးဝမပျော်တော့ဘူး ။ အဲ့တာက သူရဲ့အရင်မျက်နှာကြီးလေ ။ ပြီးတော့ ဗန်က အဲ့ဒီမျက်နှာနဲ့ ရမ်မဟုတ်တဲ့ တစ်ခြားတစ်ယောက်ကိုချစ်နေတယ် ။ ရစ်ချက်ဆိုတာက ရမ်တစ်ယောက်တည်းရဲ့အပိုင်လေ ။ အဲ့ဒီအချိန်မှာပဲ ထူးဆန်းတဲ့အနံ့တစ်မျိုးကိုရကာ သတိလစ်သွားခဲ့တယ် ။

လီအိုဟာ သူရဲ့ရင်ခွင်ထဲခွေကျလာတဲ့ မက်ကို ညှင်သာစွာပွေ့ဖက်ထားခဲ့တယ် ။ ယုန်ပေါက်က မူးပြီးအိပ်ပျော်သွားတဲ့ပုံပဲ ။ အဲ့တာကြောင့် ယုန်ပေါက်ကိုပွေ့ချီကာ သူရဲ့ကိုယ်ပိုင်အခန်းထဲ ခေါ်လာခဲ့တယ် ။ အဲ့ဒီနောက် ယုန်ပေါက်ရဲ့မျက်နှာလေးကို တစိမ့်စိမ့်ထိုင်ကြည့်နေမိတယ် ။ ဟူး! ယုန်ပေါက်က သူ့ကို အခုအချိန်အထိ မကျေမနပ်ဖြစ်နေတုန်းပဲ ။ သူရဲ့အရင်ကလုပ်ရပ်တွေကြောင့် သူ့ကို တစ်ချိန်လုံးလျစ်လျူရှုထားတယ် ။ သူ့ကို အမြဲရှောင်ဖယ်နေပြီး စကားလည်းမပြောဘူး ။ လီအိုဟာ စိတ်မောစွာသက်ပြင်းချမိတယ် ။

သူဒီနေရာကိုရောက်ရောက်ချင်း ယုန်ပေါက်ကို တွေ့လိုက်ရတုန်းကဆိုရင် အရမ်းကိုအံ့သြသွားခဲ့တာ ။ ယုန်ပေါက်က အိမ်မှာရှိမနေပဲ ဒီနေရာကို ရောက်လာလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ဘူး ။ သူက သူရဲ့မျက်လုံးတွေကို ယုန်ပေါက်စီက မလွှဲနိုင်ခဲ့ဘူး ။ ယုန်ပေါက်ကတော့ သူကြည့်နေတာကိုသိပုံမရ ။ တစ်ခုခုကို မကျေမနပ်ဖြစ်နေတဲ့အလား ဆူပုတ်နေခဲ့တယ် ။ အဲ့ဒီနောက် ဝိုင်တွေကို ဒေါသတကြီးသောက်ပစ်ကာ ထထွက်သွားတော့တယ် ။

အဲ့ဒီအချိန်မှာပဲ ဗန်က သူ့ရဲ့အနားကိုရောက်လာကာ စကားတွေပြောနေခဲ့တယ် ။ လီအိုဟာ ဗန်ပြောတာနေတွေကို တစ်လုံးမှမကြားခဲ့ရဘူး ။ ဘာဖြစ်လို့လဲဆိုရင် သူရဲ့အာရုံအားလုံးက ယုန်ပေါက်စီ ရောက်နေခဲ့လို့လေ ။ ယုန်ပေါက်ဟာ ဝိုင်တွေမူးနေတဲ့အလား ယိုင်တိုင်တိုင်ဖြစ်နေခဲ့တယ် ။ အဲ့ဒီနောက် တစ်ခြားတစ်ယောက်ကို နမ်းဖို့ကြိုးစားနေတယ် ။ အဲ့ဒီလူကလည်း သူရဲ့မဟာရန်သူတော်ကြီး ဂျိုးဇက် ။ ဂျိုးဇက်က လူကောင်းတစ်ယောက်မဟုတ်ဘူး ။ ကောက်ကျစ်တဲ့အကြံတွေနဲ့ ပြည့်နှက်နေတာ ။ တကယ်လို့များ ဂျိုးဇက်ကသာ ယုန်ပေါက်ကို....

Virus System [ Completed ]Where stories live. Discover now