ဝေးလို့တော့ မဖြစ်နိုင်ပါ...

5.2K 274 2
                                    

ဝမ်ရိပေါ်

ရိပေါ်ပုံစံက လူများနဲ့ဆို ခပ်ချေချေ မလိုအပ်ပဲစကား သိပ်မပြော သိပ်ရောနှောနေလေ့မရှိ သူ့အပြုံး မီလီလျံချီ တန်သည့်အလား မလိုအပ်လျင်မပြုံးတက်သော
လူငယ်ကောင်လေး တစ်ယောက်....

အနုပညာလောကတွင် အသက်ငယ်သော်လည်း ဘက်စုံတော်သောကြောင့် ဆရာတစ်ဆူကဲ့သို့ရပ်တည်နို်င်သည်..

မိတ်ဆွေများ လုပ်ဖော်ကိုင်ဖက်များ အပေါင်းသင်းများသော်လည်း..
ဒီတိုင်းသူ့စတိုင်မပြောင်းလဲ.. အကုန်လုံးက သူ့ကို စကားပိုပြောရင် ကောင်းမယ်လို့ အကြံပေးရလောက်တဲ့အထိကို ငြိမ်လွန်းသည်

တည်ငြိမ်လှသော ကောင်လေး. ကျန့်ကောနဲ့တွေ့ရင် သူပြုံးတယ် သူစကားအများကြီး ပြောတက်လာတယ် သူစတက်လာတယ်.. သူဂရုစိုက်တာခံချင်လာတယ်.. ဒါအလိုအလျောက်သူ့ရဲ့ဖြစ်တည်လာမှု

TU ပြီးတော့ အလုပ်တော်၂ရှုပ်သည်..

မသိဘူးကွာ.. ကျန့်ကောရင်ခွင်ထဲ အိပ်တော့မည်...

🙂🙂မသိဘူး.. သူ့ရင်ခွင်... ကျွန်တော့်အတွက်... လုံခြုံတယ်... နွေးထွေးတယ်..အချုပ်နှောင်ကင်းတယ်...
လွတ်လပ်တယ်...ပတ်ဝန်းကျင်ကို မေ့ထားလို့ရတယ် အမောပြေတယ်..ဆိုးနွဲ့လို့ရတယ်.. ဟန်ဆောင်မှုတွေမလို....🙂🙂🙂

နဲနဲ ကြာကြာမတွေ့သော်လည်း ဒီတခဏ အတွင်းမှာ ကျန့်ကောရဲ့ ရင်ခွင် သူ့အတွက် ဘယ်လောက် အရေးပါသလဲဆိုတာ ပိုပြီးသတိထားမိသွားတယ်....

တကိုယ်ကောင်းဆန်တယ်ပြောပြော နောက်များဆို ဒီရင်ခွင်ထဲ အမြဲခိုလုံခွင့်.. မြဲစေဖို့.. သူကြံစည်ရတော့မယ်...ဒီတဒင်္ဂအတွင်း ဆုံးဖြတ်ချက်များ သူ့လိုချင်တောင်းတမှုများ ကြီးထွားခဲ့သည်

ကျန့်ကောကရော.. လက်ခံပါ့မလား? စိုးရိမ်မှုများ...ပြန့်လွင့်...

....ဝေးလို့တော့ မဖြစ်....

*-----------------------*----------------------*

ရှောင်းကျန့်

အသက်ရွယ်အားဖြင့် လူလတ်ပိုင်း အစပြုလာသည့် အလျောက် တည်ငြိမ်ရင့်ကျက်လာသည်.. အပြုံးချိုချိုနှင့် လူအများ သူ့အပြုံးအောက်တွင် အရည်ပျော်ကျအောင် ဖော်ရွေလွန်းသည်..အလိုက်အထိုက်
ပေါင်းတက်သင်းတက်သည်

ဖြတ်သန်းလာခဲ့သည့် အနုပညာ သက်တမ်းအရ.. လူအများကို နားလည်ပေးနိုင်ခဲ့သည် သည်းခံတက်ခဲ့ပြီ

ရိပေါ်နဲ့တွေ့ရင် သူပျော်သည်.. ဒီကလေး သူ့ကိုစနောက်ရတာ နှစ်သက်သည်.. သူပျော်ရင်ပြီးတာပဲဆိုပြီး ကိုယ်လဲ ပြန်စပြန်နောက်နဲ့ တော်တော်လေး ရင်းနှီးခဲ့သည်...ဘာရယ်ကြောင့်မှန်းမသိ ဒီကလေးကိုဆို စိတ်မချ..လူချင်းမတွေ့သော်လည်း.. အမြဲကိုယ်ကအကြီးဆိုတော့ သင့်တော်ရာလေးပြောပြီး ကိစ္စတခုခု သူတိုင်ပင်ပြီဆို သူ့ကို နားချခဲ့သည်..

....လူ့စိတ်သည် အဆိုးမရ..

XZ YB ကို ကာကွယ်ချင်သည် စောင့်ရှောက်ချင်သည် သူ့ပင်ပန်းမှုများကို မျှဝေပေးမည်.. ဒီကလေးကို အရိပ်တကြည့်ကြည့် စိုးရိမ်မည်

ဒါ XZ ရဲ့ မခို့တရို့ ကိုယ်ကိုကိုယ် ဝန်ခံခြင်းများ..

ရိပေါ်ဒါကိုလက်ခံနိုင်ပါ့လား? လက်ခံနိုင်အောင် သူဖန်တီးရတော့မည်..

.....အနားကထွက်သွားဖို့တော့ မဖြစ်နိုင်...

*----------------------*-----------------------

A/N
သူများ fic တွေ ဖတ်ပြီးစောင်ကိုက်နေရလို့.. ကိုယ့်ဟာလေး ခဏမေ့နေတာ... စောင့်ဖတ်ပေးတဲ့ တစ်ယောက်ဆီတိုင်း ချစ်ပါတယ်လို့..😍😍

အချစ်များသူ့ဆီမှာ..😍😍 (အချစ်များသူ့ဆီမှာ) (Complete) zwgyi & UniOnde histórias criam vida. Descubra agora