ရှောင်းကျန့် ဒီနေ့ စောစော နားတော့ အိမ်မှာ နေဖြစ်သည်.. လုပ်စရာရှိတာလေး လုပ်ပြီး.. အေးအေး လူလူ TV ကြည့်နေစဉ်.. ဖုန်း သံလေး မြည်လာသော် ကြည့်လိုက်ရာ..
ဝမ်ရိပေါ် ဆိုသူ..
သူ့အား ညစာကျွေးရင် မထင်မှတ်ပဲချိန်းဆိုသည်..
သူအားနေသောကြောင့် လက်ခံလိုက်သည်သူနှင့်တွေ့ခဲ့ရသော အချိန်တွေသည် ကိုယ့်အတွက် လွတ်လပ်ပေါ့ပါး ပျော်ရွှင်ခဲ့သည်.. ညီငယ်လေးတစ်ယောက် ရသကဲ့သို့.. စိတ်တူ ကိုယ်တူ နဲ့ သူငယ်ချင်း အသစ်လေး ရသကဲသို့လည်း သူခံစားမိသည်..
ဒီကလေး စတွေ့တုန်းက တည်ငြိမ်သော်လဲ သူနှင့် အရမ်းတွေ ရင်းနှီးသွားသောအခါ.. စကားအရမ်းများလာပြီး သူ့ပေါ် ဆိုးနွဲ့တက်သည်... သူလုပ်ရင် အကောင်း ..သူ့ကိုပြန်လုပ်ရင် ဘုဆတ်ဆတ်ဖြင့် ပြန်ရန်တွေ့တက်သည်..
အသက်အားဖြင့် ငယ်သော်လည်း...အနုပညာသက်တမ်းအရ ကိုယ့်ထက်သူကစောသည်..သူ့အား..ကလေးလို ဆက်ဆံသည်ကို သိပ်မကြိုက်.. လူကြီးဆန်ချင်သည်..
ဒါမဲ့ ကလေးက ကလေးလေးပဲပါ..
တွေးရင်းပြုံးလိုက်မိသည်FM တွေ Promotions တွေ ပြီးထဲက ဒီက
လေး နဲ့ အေးဆေး မတွေ့ရတာကြာပြီ
တခါတရံတော့.. သူ့အကြောင်းတွေ ခေါင်းထဲရောက်လာသည်တနေကုန် အိမ်တွင်းအောင်းပြီး ချိန်းထားတဲ့နေရာရှိလာတော့
ရေမိုးချိုးသွားဖို့ပြင်လိုက်သည်သာမာန် ရိပေါ်နှင့်ညစာ သွားစားမည်ဆိုတော့ ထွေထူးမလို..ပုံမှန် ဝတ်နေကြအတိုင်းလေး အဖြူရောင် စပို့စ်ရှပ် အောက်က ဂျင်းအမဲရောင် ဒူးအပြဲလေးနဲ့ ရှပ်အင်္ကျီ တစ်ထည် အပေါ်မှ ထပ်ဝတ်လိုက်သည်
ကားမယူသွားချင်သောကြောင့် မန်နေဂျာ ကို လိုက်ပို့ခိုင်းလိုက်သည်
ရောက်ပါပြီ အခန်းရှေ့...😏😏😏
[ရောက်ပြီနော် အခန်းဝ]ရိပေါ် တံခါးဆွဲဖွင့်လိုက်သော်....
ရပ်နေသော ရှောင်းကျန့် အပြုံး တစ်ချက်ဖြင့် နှုတ်ဆက်လိုက်သည်ရိပေါ်ပြန်ပြုံးပြလိုက်သည်..
ညိုစိမ့်စိမ့် အသားရေ...
ယောင်္ကျားချင်းတောင် ပြောရလောက်အောင် ချောမွတ်လှပသော မျက်နှာ နှင့် နှုတ်ခမ်းပါးတစ်စုံအောက်က မှဲ့ ....
နတ်သက်ကြွေသည့်အလား....
ရိပေါ် ခဏမျှ မှင်သက်နေသေးသည်..
![](https://img.wattpad.com/cover/199494624-288-k551751.jpg)
ŞİMDİ OKUDUĞUN
အခ်စ္မ်ားသူ႔ဆီမွာ..😍😍 (အချစ်များသူ့ဆီမှာ) (Complete) zwgyi & Uni
Genel Kurguမထင်မှတ်ပဲ အတွေးထဲရောက်နေရာက.. သိလိုက်ရတဲ့အချိန်မှာ ကိုယ့်အချစ်တွေ သူ့ဆီ အကုန်ပါသွားသောအခါ...😍😍 မထင်မှတ်ပဲအတွေးထဲရောက်နေရာက သိလိုက်တာကကိုယ့်အချစ်တွေအားလုံးသူ့ဆီပါသွားသောအခါ...😍😍