#zawgyi
"သားရေ ပြီးပြီလား ကျောင်းနောက်ကျနေပြီနော် "Xiao Zhan mama မှ အသံကျယ်လောင်စွာ လှမ်းအော်လိုက်သည်
" ဆင်းလာပြီ mamaရေ "
"Zhan zhan ဘာတွေဒီလောက်တောင်ပြင်နေတာလဲ ကျောင်းသွားမှာပဲကို ပြီးတော့ရေမွှေးနံ့ကလည်း ထောင်းထနေတာပဲ "
"သားရဲ့ ပထမဆုံးကျောင်းပြန်ဖွင့်တဲ့နေ့လေးကို သားက သပ်သပ်ရပ်ရပ်နဲ့ သွားချင်လို့ပါmamaရ "
"မင်းရဲ့ သပ်သပ်ရပ်ရပ် လုပ်တာကလည်း အဲ့လောက်တောင် ကြာလား ....ဒါမှမဟုတ် zhan zhan ချစ်သူတွေဘာတွေရနေပြီလား "
"ဟာ ပေါက်ပေါက်ရှာရှာmamaကလည်း"
"အေးပါ ထားပါတော့ မနက်စာစား ပြီးရင် အမြန်သွားလိုက်ဦး အပြင်မှာ သားသူငယ်ချင်း ဒေါသအိုးစောင့်နေတယ် "
"မစားတော့ဘူး သားသွားတော့မယ် ကျောင်းနောက်ကျနေပြီ mamaဟိုရောက်မှပဲစားလိုက်တော့မယ် "
"အာ့ဆိုမုန့်ထည့်သွားလိုက်လေ "
"မထည့်တော့ပါဘူး သားသွားတော့မယ်နော် "
ပြောပြီး mamaပါးလေးနမ်းကာ xiao zhan တစ်ယောက်ထွက်သွားလေသည်
"လဒကောင် ထွက်လာသေးတယ်နော် ငါက မင်း သေများသေ သွားပြီလားလို့ "
ဒေါသအိုး Zhou cheng က သူ့အချစ်ဆုံးသူငယ်ချင်းအား မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်
" အချစ်ကလေးကလည်း ငါအိပ်ယာထနောက်ကျသွားလို့ ကြာသွားတာပါ "
"ဆင်ခြေဆင်လတ်လေးတွေကနော်"
"အဲ့ဒါတွေ ထားပါတော့ သွားကြမယ် ငါတို့ကျောင်းနောက်ကျနေပြီ "
" ကျောင်းနောက်ကျတာဘယ်သူကြောင့်လဲ လာတက် "
အနက်ရောင် ကားတစ်စီးသည် အိမ်ရှေ့မှ တဖြည်းဖြည်းလိမ့် ၍ ထွက်သွားလေသည်
YOU ARE READING
i love you 3000(Completed 😘)
Fanfiction#zawgyi yizhan💜💚 My first fic 💗 စီနီယာ yibo ကို အလွန် ကြောက်သော xiao zhan လေး နဲ့ xiao zhan ကို အရမ်းချစ်သော yibo တို့ရဲ့ ..နောက်ဆက်တွဲဘယ်လိုဖြစ်ကြမလဲ ........💗 ပထမဦးဆုံး စရေးတဲ့ fic လေးမို့ အမှားပါရင် တောင်းပန်ပါတယ်နော် �...