Ep-(36)

7.9K 620 26
                                    

#zawgyi

"သားဒီရက်ပိုင်း ပျော်နေသလိုပဲနော် ဘာပျော်စရာတွေများရှိနေတုန်း"

Wang yibo တို့ မိသားစု ညနေစာထမင်းဝိုင်းလေးမှာထမင်းစားနေတုန်းmama က မေး‌လေသည်။

"မရှိပါဘူး ma ရယ့် ဘာလို့လဲ"

မရှိဘူးသာ‌ပြောတာ ပြုံးပြုးကြီးပြန်ဖြေတဲ့ yibo ကိုpapa က တအံ့တဩငေးနေလေသည်။

"သားကအရင်တုန်းကလိုမျိုးရုပ်တည်ကြီးနဲ့မဟုတ်တော့ဘဲ အခုရက်ပိုင်းခဏခဏရယ်နေလို့ပါ"

"Mama ကလည်း လူပဲရယ်မှာပေါ့"

"သား ရည်းစားရှိနေပြီလား"

"ဗျာ...အယ်..ဟို"

"Mama ကိုအမှန်တိုင်း‌ပြောပါ mama စိတ်မဆိုးပါဘူး mama ရဲ့ချွေးမလေးကို‌ပြောပါဦး"

"ဟိုလေ ..သားချစ်..ချစ်သူက မိန်း..မိန်းကလေး မ.မဟုတ်ဘူး..ယောကျာ်းလေး"

Wang yiboလည်း အတင်းမေးနေသော mama ‌ကြောင့် စကားတွေထစ်ကာ ပြန်ဖြေလေသည်။
Mama နဲ့ papa ကတော့ ‌မျက်လုံးအပြူးသား‌ကြောင်နေလေသည်။

"ဘာ..."

"Mama သားကိုစိတ်မဆိုးပါနဲ့နော် သားသူ့ကိုအရမ်းချစ်တယ် သူ့ကိုလည်းမခွဲနိုင်ဘူး သူမရှိရင် ကျွန်တော်မနေနိုင်ဘူး သားတို့ကို မခွဲပါနဲ့နော်"

Wangyibo တစ်ယောက် ‌သူနဲ့ xiao Zhan နဲ့ကိုခွဲမှာကြောက်လို့ တရစပ်xiao Zhan ကိုချစ်‌ကြောင်းကိုဖွင့်ထုတ်ကာ မျက်ရည်အပြည့်နဲ့‌ပြော‌လေသည်။

"သားသေချာစဉ်းစားပြီးပြီလား သားသူ့ကိုတကယ်ကောချစ်ရဲ့လားသူ့ကိုအပျော်သဘောနဲ့တွဲတာလား ပြီးတော့ပတ်ဝန်းကျင်ကပြောမယ့်စကားတွေကိုကော သားခံနိုင်ရည်ရှိပြီလား"

Mama ကတော့yiboလက်လေးကိုကိုင်ကာ အေးအေးလေးပင်ပြန်ပြောလေသည်။

"ကျွန်တော်သူ့ကိုအပျော်တွဲတာ မဟုတ်ဘူး သားသူ့ကိုတကယ်ချစ်တာပါ သူတစ်ယောက်ကပဲ ကျွန်တော့်ကိုပျော်အောင်လုပ်ပေးနိုင်တယ် ကျွန်တော်သူ့ကိုအရမ်းချစ်တယ် ma ပတ်ဝန်းကျင်ကပြောမယ့်စကားတွေကိုလည်း ကျွန်တော်ဒဏ်ခံနိုင်တယ် ကျွန်တော့်မှာသူရှိနေရင်ရပြီ"

i love you 3000(Completed 😘)Where stories live. Discover now