#zawgyi
"အဲ့လူကြီး ဘာဖြစ်နေမှန်းလည်းမသိဘူး..ကျစ်..ကျောင်းဆင်းတော့လည်းငါ့ကိုလာမကြိုဘူး"
Xiao Zhan တစ်ယောက် စာရေးစားပွဲခုံးပေါ်တွင်ထိုင်ကာ တစ်ယောက်တည်း ဆူပုပ်နေလေသည်။
ကျောင်းအသွားကို Zhou Cheng. ကလိုက်ပို့၍ ကျောင်းအပြန်ကိုတော့ yibo နဲ့ပြန်နေကြမို့ xiao Zhan ကျောင်းဆင်းချိန် ကျောင်းဂိတ်ဝတွင် yibo ကိုစောင့်မိသည်။xiao Zhan လည်း yibo သူ့ကို လာမခေါ်ဘဲ မနေနိုင်ပါဘူးဆိုပြီး မိမိရှီဦးတည်လာနေသော yibo ကြောင့် ပြုံးလေသည်။ဒါပေမယ့် သူတွေ့လိုက်ရတာက ဘေးတွင် Cheng xiao ပါ ပါနေတယ်ဆိုတာပဲ ။
"Xiao Zhan မပြန်သေးဘူးလား"
Cheng xiao က xiao Zhan ကိုမေးလေသည်။yibo ကတော့ သူ့ကိုလှည့်ပင်မကြည့်။
"ဟို....ကျွန်တော်.."
"ငါ့ကို စောင့်နေတာ "
အနောက်ကနေ ထွက်လာတဲ့အသံကြောင့် ဒီတစ်ခါ yibo အပါအဝင် သုံးယောက်လုံးလှည့်ကြည့်မိသည်။
"Wenhan ge "
Xiao zhanမှာ တအံ့အဩနဲ့ wenhan နာမည်ကိုခေါ်လေသည်။
"ငါသူ့ကို ပြန်လိုက်ပို့ပေးမယ်လို့ပြောထားလို့ သူကငါ့ကိုစောင့်နေတာ"
"အော် အဲ့လိုလား အာ့ဆိုငါတို့သွားပြီ"
Yibo တော့ ခပ်စိမ်းစိမ်း အကြည့်နဲ့ xiao Zhan ကိုကြည့်ပြီး Cheng xiao နဲ့ ထွက်သွားလေသည်။
"ချာတိတ် မပြန်သေးဘဲ ဒီမှာဘာလုပ်နေတာလဲ ge ကိုစောင့်နေတာမလား "
"ဟမ်..အယ်..အင်းဟုတ်တယ် ge ကိုစောင့်နေတာ "
"အာ့ဆို သွားမယ်"
"ဟုတ်ကဲ့"
Wenhan ကတော့ သူ့ကို စောင့်နေတယ်ထင်ပြီး xiao Zhan ကိုခေါ်သွားလေသည်။
Xiao Zhan ကတော့ မအီမလည်နဲ့ လိုက်သွားရရှာလေသည်။
....
#Flashback"ငါမနက်ဖြန် တော့ တည့်မေးမှ နဲ့တူတယ်"
Xiao Zhan လည်း နောက်ဆုံးတော့ မကျေနပ်ချက်တွေကို ဘေးကို ခဏဖယ်ထားပြီး အိပ်ပျော်သွားလေသည်။
.........
"Yibo ge ကျွန်တော်တို့ ခဏလောက် စကားပြောရအောင်"
YOU ARE READING
i love you 3000(Completed 😘)
Fanfic#zawgyi yizhan💜💚 My first fic 💗 စီနီယာ yibo ကို အလွန် ကြောက်သော xiao zhan လေး နဲ့ xiao zhan ကို အရမ်းချစ်သော yibo တို့ရဲ့ ..နောက်ဆက်တွဲဘယ်လိုဖြစ်ကြမလဲ ........💗 ပထမဦးဆုံး စရေးတဲ့ fic လေးမို့ အမှားပါရင် တောင်းပန်ပါတယ်နော် �...