Ep-(29)

8.3K 693 18
                                    

#zawgyi

"ချစ်ကလေး ဘာစားမလဲ"

"ချစ်အအေးပဲသောက်တော့မယ် cola ပဲပေးတော့"

"ချစ်လေးဆန္ဒအတိုင်းဖြစ်စေကမယ်"

Hao xuan တစ်ယောက် Jiyang အအေးသောက်တာကို ဘေးကနားထိုင်ကြည့်လိုက် ပါးကိုနမ်းလိုက်နဲ့သာယာ‌နေလေသည်။

Zhou Cheng ကတော့ ဘေးနားမှာလာro နေတာ‌ကြောင့်‌ သောက်မြင်တွေကပ်နေလေသည်။

"Hao xuan ge ရယ် နည်းနည်းလေးလည်း အကဲပိုတာကိုလျှော့ "

"Zhou Cheng ရယ် အားကျရင်အားကျတယ်ပေါ့"

"ဟာ..ကျွန်တော်အားကျတယ်လို့ဘယ်မှာ‌ပြောလို့လဲ"

"လိုချင်ရင်‌ပြော hai kuan ge ရှိတယ် သူလည်း လူပျိုစစ်စစ်ပဲ"

"ဟာဘာတွေလျှောက်‌ပြောနေတာလဲဗျာ"

"အယ်ရှက်သွားရှာပြီ"

Hao xuan ရဲ့စနောက်မှု‌ကြောင့်zhou Cheng မှာရှက်သွေးဖြာကာ ခေါင်းတွေအသေ‌ငုံ့ထားလေသည်။

Hai kuan ကတော့ သူ့အရှေ့ကလူသားလေးက မျက်နှာနီနီလေးနဲ့ ရှက်နေလို့ခေါင်းငုံ့နေတဲ့ပုံကိုကြည့်ကာ အသည်းတွေယားနေလေသည်။

"Hao xuan မင်းလည်းနော် Jiyang ကိုမရတုန်းကတော့သေမလိုဖြစ်နေပြီး ရသွားတော့လည်း Jiyang အနားကနေခွာကိုမခွာတော့ဘူး အ‌ပြောင်းအလဲ ကြီးကမြန်လိုက်တာနော်"

Yu Chen တစ်ယောက် ခေါင်းတစ်ခါခါနဲပဲ ‌ပြောလေသည်။

"ငါတစ်ယောက်ထဲ ‌ပြောင်းလဲသွားတာမဟုတ်ဘူးကွ yibo လဲ‌ပြောင်းလဲသွားတယ် အဲ့ကောင်ဆိုရင် အပြုံးအရယ်မရှိဘူး xiao Zhan နဲ့တွေ့ မှ ပြုံးဖြီးနေလိုက်တာမ‌ပြောနဲ့"

Hao xuan တစ်ယောက် yibo ကိုလက်ညိုးတစ်ထိုးထိုးနဲ့‌ပြောလေသည်။

"လူဘဲရယ်မှာပေါ့ ရယ်တာထူးဆန်းလို့လား"

Yibo ရဲ့ခပ်ပြတ်ပြတ်‌ပြောလိုက်တဲ့စကား‌ကြောင့် hao xuan မှာ‌ပြောစရာစကားတွေနင်ကုန်လေသည်။

"မင်းကလည်း ငါ‌ပြောတာက မင်းကအရင်တုန်းက ရယ်တာသိပ်မရှိလို့‌ပြောတာပါကွာ"

"စိတ်လေတယ်"

Hao xuan တစ်ယောက်ကတော့ yibo ကို မျက်စောင်းတွေကြီးထိုးနေလေသည်။

i love you 3000(Completed 😘)Where stories live. Discover now