Ep-(23)

10K 814 76
                                    

#zawgyi

Xiao Zhan တစ်ယောက် ရုပ်ရှင်ကောင်းကောင်းမကြည့်ရပါ။
Yibo တစ်ယောက်ရုပ်ရှင် စပြကတည်းက ရုပ်ရှင်ကိုမကြည့်ဘဲ xiao Zhan မျက်နှာကိုသာကြည့်နေသောကြောင့်ဖြစ်သည်။တစ်ချက်ချက် ပါးကိုလာနမ်းလိုက် နှုတ်ခမ်းကို နမ်းလိုက်ဖြစ်နေတာကြောင့် xiao Zhan မှာ စိတ်ညစ်လေသည်။

"Yibo ge ရုပ်ရှင် ကဘာတြွေပသွားလဲ သိလိုက်လား"

"ရုပ်ရှင်ကဘာပြသွားလဲတော့မသိဘူး က‌လေးကချစ်ဖို့ကောင်းလွန်းနေတာတော့သိတယ်"

Xiao Zhan ကတော့ မနိုင်ဘူးဆိုတဲ့သဘောနဲ့ မျက်စောင်းထိုးပြီးထွက်သွားလေသည်။
......
"ကလေး ကြိုက်တာမှာနော် "

"အင်း..spicy ခေါက်ဆွဲတစ်ပွဲ , အသားကင် နှစ်ပွဲ , ဝက်သားပေါင်းတစ်ပွဲ, ကိုလာ တစ်ခွက် ,နို့‌ရေခဲမုန့်တစ်ခွက်...ge ကောဘာမှာမလဲ"

"ဟမ်..ကိုယ်တို့နှစ်ယောက်အတူတူစားဖို့မှာလိုက်တာမဟုတ်ဘူးလား"

"ဘယ်ကသာ ကျွန်တော် စားဖို့ပဲမှာလိုက်တာ"

"အင်းပါ..ကျွန်တော့်ကို ခေါက်ဆွဲတစ်ပွဲ,ကိုလာတစ်ခွက်"

"ဟုတ်ကဲ့ပါရှင့်"
.......
"ဟဲ့ ဟိုဘက်ဝိုင်းက အချေပုံနဲ့ တစ်ယောက်ချောတယ်နော်"

"အေးဟုတ်တယ်ဟဲ့ ချောတယ်"

"‌သူ့ဘေးနာက တစ်ယောက်က သူ့ညီလေးလားဒါမှမဟုတ် သူငယ်ချင်းလားမသိဘူး"
(အဲ့ဒါသူ့လင်ပါ အမတို့ရေ😄)

"အေးဟယ် ထားပါ သူကအရေးမကြီးဘုး သူ့ဘေးနားကအချေလေးက ပိုအရေးကြီးတယ်"

"အေးဟုတ်တယ် ငါတို့ သူ့ရဲ့ WeChat acc သွားတောင်းရအောင်"

"ကော တွေ့ ကတာဝမ်းသာပါတယ်နော်..ညီမတို့ ကောနဲ့ခင်ချင်လို့ပါ ..ကောရဲ့ WeChat acc လေးပေးပါလားဟင်"

Xiao Zhan တစ်ယောက် ခုနကတည်းက yibo ကိုကြည့်ပြီး ကောင်မလေးတွေ ပဲပေးနေကတည်းက ရိပ်မိပါသည်။yibo ကတော့ ရိပ်မိမယ်မထင် သူက ကျွန်တော့်ကိုပဲ ကြည့်နေလို့ မရိပ်မိလောက်ဘူး။
ကောင်မလေးတွေက အခုလို ဒီထိ လာပြီး သူ့ချစ်ချစ်ကို လာနှုတ်ဆက်မယ်လို့ မထင်မိတာတော့အမှန်ပေ။

i love you 3000(Completed 😘)Where stories live. Discover now