#zawgyi
"ခဏ ကိုယ့်ကို အဖြေမပေးတော့ဘူးလား"
Yibo တစ်ယောက် xiao zhan လက်ကိုဆွဲလိုက်ပြီး မေးလေသည်။
"ဟို..ဟို..ကျွန်တော်စဉ်းစားဦးမယ်လေဗျာ ..ချက်ချင်းကြီးကျတော့ ကျွန်တော်လည်းဘယ်လိုပြောတတ်မှာတုန်းဗျ"
(ချစ်ရင်ချစ်တယ်ပေါ့ဟယ်..အချိန်တွေဆွဲနေတယ်ဂယ်ဘဲ😂)
"အင်းပါ စဉ်းစားချင်ရင်လည်း စဉ်းစားလေ ကိုယ်စောင့်နေပေးပါ့မယ်"
"အင်း ကျွန်တော်သွားပြီနော်"
Xiao zhan တစ်ယောက် ပြောပြီးပြီးချင်း ခြေလှမ်းကို ခပ်သွက်သွက်လျှောက်ကာ နေရာမှအမြန်ဆုံးထွက်လာလေသည်။
"အား..သေပါပြီ"
"ရရဲ့လား xiao zhan ကကိုယ့်ကို လာတိုက်တာနော်"
Xiao zhan တစ်ယောက်ခေါင်းကို ငုံ့ထားပြီး ခပ်မြန်မြန်လျှောက်ကာ အရှေ့ကလူကိုမမြင်ဘဲဝင်တိုက်လေသည်။
"Wenhan ge ''
'အင်း..ဘာတွေလောနေလို့ မမြင်တာတုန်း"
"ကျွန်တော်သူငယ်ချင်းတွေစောင့်နေလို့ မြန်မြန်လာတာ"
"အင်းပါ ဒါနဲ့ မျက်နှာက ဘာလို့ အဲ့လောက်တောင်နီနေတာလဲ"
"ဗျာ..အယ်..ဟို ပူ....ပူလို့ပါ"
"ဟမ်.ပူလို့ ဟားဟား နောက်များနောက်နေသလားကွာ ..ဒီလောက်အေးနေလို့ အကုန်လုံး အနွေးထည်ကိုယ်စီဖြစ်နေတာကို "
Wenhan တစ်ယောက် ရယ်ရင်းပြောလေသည်။
*ဟုတ်သားပဲ ငါလည်းဘာတွေပြောနေလည်းမသိဘူး*Xiao zhan တစ်ယောက် အတွေးထဲတွင်ကိုယ့်ကိုယ်ကို ကျိန်ဆဲနေလေသည်။
"ထားပါတော့ ကျွန်တော်သွားပြီနော် "
ထွက်သွားသော ကောင်လေးရဲ့ ကျောပြင်ကို wenhan တစ်ယောက်ကြည့်ရင်းကြည့်ရင်း သူသဘောကျနေမိသည်။
*ငါသူ့ကို အရမ်းတွေချစ်နေမိပြီ*
Wenhan ပြောသောစကားကို အရှေ့က ထွက်သွားသော xiao zhan မှာတွောမကြားနိုင်ပေ။
.........
"Xiao zhan နင်ဘယ်တွေသွားနေတာလဲ ငါတို့ကလိုက်ရှာနေတာ နင်ခြေထောက်ကော သက်သာသွားပြီလား"
.
Ziyi မှာတော့ xiao zhan ကိုမြင်တာနဲ့ တန်းဟောက်လေသည်။
YOU ARE READING
i love you 3000(Completed 😘)
Fanfiction#zawgyi yizhan💜💚 My first fic 💗 စီနီယာ yibo ကို အလွန် ကြောက်သော xiao zhan လေး နဲ့ xiao zhan ကို အရမ်းချစ်သော yibo တို့ရဲ့ ..နောက်ဆက်တွဲဘယ်လိုဖြစ်ကြမလဲ ........💗 ပထမဦးဆုံး စရေးတဲ့ fic လေးမို့ အမှားပါရင် တောင်းပန်ပါတယ်နော် �...