ချစ်တက်လွန်းသူ၏ နှလူံးသားမှသည်
အပိုင်း ၇
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
မူဆယ်မြို့၏ ညနေခင်းအချိန်သည်မြူများဖြင့်ရစ်သိုင်းနေလေသည်။air con အကူညီမလိုပါပဲ အိမ်တိုင်း၏ အခန်းများတွင်အအေးဓာတ်ကနေရာယူဝင်ရောက်နေလေသည်။
သိင်္ခ တစ်နေ့လုံးစိတ်ပင်ပန်းလာသဖြင့်ကလေးမျက်နှာကိုတွေ့ချင်သောကြောင့်အိမ်သို့စောစောပြန်လာလေသည်။ခါတိုင်း ကားသံကြားသည်နှင့်ပေါ်တီကိုအောက်ထိပြေးထွက်ခါ လာကြိုတက်သော ကလေးက သိင်္ခ ဧည့်ခန်းတွင်း၌ထိုင်သည်အထိ အရိပ်ယောင်ပင်မတွေ့ရသေးချေ။သိင်္ခထံသို့ရေလာပို့ပေးသော အဒေါ်ကြီးကိုမြင်သဖြင့်......
"ဒေါ်ဝေ ညလွန်းယံရော.....ကျွန်တော့်ကိုလဲထွက်မကြိုပါ့လား"
"အကိုလေးနေ့လည်က Boss စီကိုထမင်းဗူးပို့်မယ်ဆိုပြီးထွက်သွားပါတယ်ပြန်လာတော့ ထမင်းဗူးချပြီး အပေါ်ထပ်တက်သွားတာ ခုထိပြန်ဆင်းမလာသေးပါဘူး"
"ဒါဆိုနေ့လည်က ယံလေး ကျွန်တော့်စီလိုက်လာသေးတယ်ပေါ့"
"ဟုတ်ကဲ့ ဒါပေမယ့်မတွေ့ခဲ့ဘူးထင်ပါတယ်ထမင်းဗူးကယူသွားတဲ့အတိူင်းပြန်ပါလာတယ်ရှင့်"
"အဲ့ဒါကို ကျွန်တော့်စီဘာလို့ဖုန်းမဆက်တာလဲ..."
"ဟို...ကျွန်မ....ကျွန်မက...."
"တော်ပြီဒေါ်ဝေ သွားလို့ရပြီ "
သွားလို့ရပြီဆိုသည်နှင့်ဒေါ်ဝေဝေတစ်ယောက်သိင်္ခရှေ့မှအမြန်ထွက်လာလေသည်။
သိင်္ခလဲ companyတွင်မိမိကိုမတွေ့သဖြင့်ကလေးစိတ်ကောက်နေသည်ထင်ခါ အပေါ်သို့တက်လာလေသည်။အခန်းတံခါးဖွင့်၍ ဝင်လိုက်သောအခါ ကုတင်ပေါ်တွေကျောပေးအိပ်နေသော ကလေးအားတွေ့ရလေသည်။ သိင်္ခလဲ ကုတင်စွန်းတွင်တင်ပလွှဲဝင်ထိုင်ခါ ယံယံ့ပုခုံးအားအသာလေးကိုင်ခါဆွဲလှည့်လေသည်။
![](https://img.wattpad.com/cover/199614772-288-k662103.jpg)
YOU ARE READING
ချစ်တက်လွန်းသူ၏ နှလုံးသားမှသည်
عاطفيةချစ်ခဲ့မိတာကို အပြစ်လို့ဆိုရင်ချစ်ဖို့ကောင်းအောင်နေတဲ့မင်းကတရားခံပဲ