ချစ်တက်လွန်းသူ၏ နှလုံးသားမှသည်
အပိုင်း ၁၂
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
ဘုန်းစည်သူ ဧည့်ခန်းတွင်းမှ ကလေးနှစ်ယောက်ကိုလူစုခွဲကာ ဒီဒီ့လက်ကိုဆွဲပြီးခြံထဲသို့ဆင်းလာလေသည်။ဒါတောင်ဒီဒီက မကျေမနပ်ဖြစ်ခါ ဘုန်းစည်သူလက်မောင်းအား ကိုက်လေသည်။
"အား....ဟျောင့်စောင်ကလေး...ဘာကိစ္စလာကိုက်တာလဲ....အားလား နာလိုက်တာ"
"ခင်ဗျားကရော ဘာလို့အတင်းခေါ်လာလဲ ဟိုကောင်နဲ့ရှင်းလို့မပြီးသေးဘူး " ဟုဆိုခါ အိမ်ထဲသို့ပြန်ဝင်ရန်ပြင်နေသဖြင့်စည်သူလဲ ဒီရေ့အင်္ကျီဂုတ်စအားဆွဲခါ ခူံတန်း၌ထိုင်စေသည်။
ပြီးနောက်ဒီရေ့ပုခုံးအားကိုင်ခါ မျက်နှာအားငုံ့ကြည့်၍ " ဒီဒီ....ဦးပြောပြမယ်..... ညလွန်းယံနဲ့Boss နဲ့ကဘယ်လိုပတ်သက်မှုမျိုးလဲဆိုတာ ဒီဒီလဲသိတာပဲမလား.....ဒါကို ဒီဒီက ကြားကနေဝင်မပါရဘူးလေ....ကိုယ့်သူငယ်ချင်းဖြစ်စေဦးတော့ ခုက သူလဲ သူ့relationship နဲ့သူဖြစ်နေပြီလေ မဟုတ်ဖူးလား "
စည်သူလဲ ဒီရေနားလည်မည့်စကားလုံးများကိုရွေးခါ ရှင်းပြနေလေသည်။ဒါကို အဲ့ကလေးက မျက်နှာတစ်ဖက်လွှဲနေလေသည်။
"ဒီဒီ...ဒီလေးလို့...ဦးပြောတာကြားလား"
ဒီရေလေး တစ်တွတ်တွတ်နဲ့ပြောနေသော စည်သူ့အားစိတ်မရှည်သဖြင့်" သိတယ်ဗျာ....ဘာဖြစ်..အယ်"
မျက်နှာချင်းဆိူင်ဆုံမိသဖြင့်ဒီရေပြောစရာစကားများပျောက်ရှကုန်လေသည်။
ဘုန်းစည်သူ ဒီရေ့ရဲ့မျက်ဝန်းလှလှနဲ့နှာသီးဖျားလေးကိုမြင်လိုက်ရချိန်တွင်ရင်ဘက်ထဲကအကောင်ကအလိုက်မသိခုန်ကြွလာလေသည်။
စည်သူလဲ မျက်နှာအမြန်လွှဲခါ.."အဟမ်း...သိရင်ပြီးတာပဲ....နောက်တစ်ခါသူများကိစ္စဝင်မပါနဲ့ ဒီဒီဝဋ်လည်မှာဆိုးလို့ ဦးကပြောတာ""ဘယ်တော့မှ ဝဋ်မလည်ဘူး ကျုပ်က single ပဲနေမှာ" ဟုပြောခါကော့တော့ကော့တော့နှင့်ကားပေါ်တက်ခါမောင်းထွက်သွားလေတော့သည်။
YOU ARE READING
ချစ်တက်လွန်းသူ၏ နှလုံးသားမှသည်
Romansaချစ်ခဲ့မိတာကို အပြစ်လို့ဆိုရင်ချစ်ဖို့ကောင်းအောင်နေတဲ့မင်းကတရားခံပဲ