ချစ်တက်လွန်းသူ၏ နှလုံးသားမှသည်
အပိုင်း ၁၅
💔💔💔💔💔💔💔💔💔💔💔
နံနက်ခင်းအလင်းရောင်ခြည်နုနုက ဇာခန်းဆီးပန်းခရမ်းရောင်ကိုဖြတ်၍ ညလွန်းယံ၏ ပါးပြင်ပေါ်သို့ဖြန့်ကျဲထားလေသည်။ထိုးကိုက်လာသောခေါင်းကိုဖိနှိပ်၍ ခန္ဓာကိုယ်အားစောင်ဖြင့်ပတ်ခါ ညီးညူနေလေသည်။
ထိုစဉ်အခန်းတံခါးဖွင့်၍ ဝင်လာသူမှာသိင်္ခဖြစ်လေသည်။
"ကိုကို့ကလေးလေး နိုးနေပြီလား...ဒါဆိုထ မျက်နှာသစ်ကြမယ်"
ယံလေး သိင်္ခလမ်းလျှောက်ပုံအားကြည့်နေမိသည်.... မမဆုမွန်စကားတိုင်းလုပ်လိုက်မိလားမမှတ်မိသဖြင့်ကိုကိူလမ်းလျှောက်တာပုံကျမကျသာလိုက်ကြည့်နေမိသည်။
ထို့နောက်" ကိုကို ကိုကို"
သိင်္ခ ယံလေးခေါ်သံကြောင့်အနားသို့သွားခါ ယံလေးဆံသားများအားသပ်တင်ပေး၍ "ဗျာ" လို့ထူးလိုက်လေသည်။
"ဟိုလေ ကလေး ညက ကိုကို့ကိုဘာလုပ်မိသေးလဲဟင်"
သိင်္ခညစ်ကျယ်ကျယ်ပြုံးလိုက်ရင်း "ဘာလုပ်လဲ ပြန်ပြောပြရမလား ကလေးလေး"ဟုဆိူခါ ယံလေးမျက်နှာနားသို့တိုးကပ်လာလေသည်။
ယံလေးလဲ အမြန်ရှောင်ခါ လည်ပင်းအားလက်နှစ်ဖက်ဖြင့်သိုင်းဖက်၍ သိင်္ခခါးအားခြေဖြင့်ချိတ်ခါ ခွထိုင်လိုက်လေသည်။
သိင်္ခလဲ တစ်ဟားဟားအော်ရယ်ရင်း ယံလေး၏ခါးကိုထိန်းကိုင်ခါရေချိုးခန်းတွင်းသို့ဝင်၍ မျက်နှာသစ်ပေးလေသည်။
ထို့နောက်"ကလေးရေချိုးပြီးအောက်ဆင်းခဲ့နော်....ကိုကိုမနက်စာပြင်နေရင်းတန်းလန်းမို့အောက်မှာစောင့်နေမယ်"
"ဟုတ်ကိုကို အာဘွား"
သိင်္ခ ပြုံးရွှင်နေသော ယံလေးမျက်နှာအားကြည့်ခါ ပါးလေးကိုဆွဲဖျစ်၍အောက်သို့ဆင်းခဲ့လေသည်။
YOU ARE READING
ချစ်တက်လွန်းသူ၏ နှလုံးသားမှသည်
Romanceချစ်ခဲ့မိတာကို အပြစ်လို့ဆိုရင်ချစ်ဖို့ကောင်းအောင်နေတဲ့မင်းကတရားခံပဲ