ချစ်တက်လွန်သူ၏ နှလူံးသားမှသည်
အပိုင်း ၁၀
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
"ဘာ....မဒီ နင်ပြောတာတစ်ကယ်လား...."ဟုညလွန်းယံမေးလိုက်လေသည်။
မယ်မဒီလဲ ယံယံ့အားမျက်စောင်းထိုးခါ..."အေးဟေ့..... မယုံရင်လဲ နင့်ကိုကိုရင်ခွင်ထဲတစ်ညအိပ်နှစ်ရက်လောက်သွားပြီးအတည်ပြုမေးကြည့်ပါလား"ဟုရွဲ့ခါပြောလိုက်လေသည်။
အဲ့ဒါတောင်ဒင်းလေးက လက်တွေလိမ်ချိုးပြီးခင်နွဲ့နွဲ့မူလာလုပ်ပြနေတာ....မပြောလိုက်ချင်ဘူး...အကြောင်းမှန်သိတာနဲ့ ဟိုကလာမချော့သေးဘူး ဒင်းကပြိုကျနေပြီ....
ထို့နောက်ခေတ်သစ်မှ.."ငါအဲ့ဘိုးတော်နဲ့မင်းကိုချိန်းပေးမလို့...ဒါမဲ့ မင်းမတွေ့ချင်လဲရတယ်နော်...ငါကမင်းတွေ့ချင်မှဖုန်းဆက်မယ်ပြောခဲ့တာ....သူ့ဖုန်းနံပါတ်ကိုငါတို့သိထားတယ်" ဟုဆိုခါခေတ်သစ်လက်ထဲမှဖုန်းအား ယံယံမြင်သာအောင်လှည့်ပြနေလေသည်။
ညလွန်းယံလဲခေတ်သစ်အားမျက်နှာချိုသွေးခါ..."ခေတ်လေး....ငါ့သူငယ်ချင်းလေး...မင်းတို့တောင်ကြားထဲကနေ အပင်ပန်းခံညှိနှိုင်းပေးထားတာကို ငါက မတွေ့ပဲနေမလား....သွားတွေ့ရမှာပေါ့ မဟုတ်ဘူးလား....ငါ့ကိုဖုန်းနံပါတ်ပေး...ငါပဲသူ့စီဆက်ပြီး ချိန်းလိုက်မယ်" ဟုပြောလေသည်။
ခေတ်သစ်မှ ညလွန်းယံကိုမျက်မှောင်ကျုံ့ကြည့်ခါ...
"ယံယံ....ဒီလိုတောင်းရုံနဲ့ရတက်လို့လား...ဟင်းဟင်း"ဟုပြောခါ လူယုတ်မာအပြုံးနှင့်ယံယံအားစိုက်ကြည့်လိုက်လေသည်။ယံယံလဲအထာပေါက်သူပီပီ..."မင်းဘယ်လောက်လိုချင်လို့လဲပြောကြည့်"ဟုဒဲ့မေးလိုက်လေသည်။
မယ်မဒီလဲ ယံယံနဲ့ခေတ်သစ်ကိုကြည့်ခါခေါင်းခါရမ်း၍အောက်သို့သာဆင်းလာခဲ့လေသည်။
ခေတ်သစ်လဲမေးစေ့ကမရှိသောအမွေးကိုလက်နဲ့ပွတ်ခါ ဆရာကြီးစတိုင်ဖမ်းကာစဉ်းစားပြနေလေသည်....ထို့နောက်..."အိမ်း...
ဖုန်းနံပါတ်က ဆယ်လုံးရှိတာဆိုတော့ကွာ.....အမ်း.."
![](https://img.wattpad.com/cover/199614772-288-k662103.jpg)
YOU ARE READING
ချစ်တက်လွန်းသူ၏ နှလုံးသားမှသည်
Romanceချစ်ခဲ့မိတာကို အပြစ်လို့ဆိုရင်ချစ်ဖို့ကောင်းအောင်နေတဲ့မင်းကတရားခံပဲ