(Zawgyi)
Silent-6ထယ်ယောင်းနှစ်နာရီ လောက်ငိုပြီးသွားတော့၊ဂျီမင်နီးအား ခွင့်တိုင်ခိုင်းကာ အိမ်ပြန်အိပ်နေမိသည်၊ နေ့လယ်လောက်ရောက်သည်အထိ ဘာမှမစားမိ၊ စားချင်စိတ်လည်းမရှိ၊ မေမေကတော့ရုံးသွားပြီဖြစ်သည်။
တခါတခါမျက်ရည်တွေက မောင့်အကြောင်းတွေးမိတိုင်းကျလာသေးသည်၊ ငိုလွန်းလို့ မျက်လုံးတွေလည်းနီရဲက ဖောင်းကားနေလေပြီဖြစ်သည်၊
ထိုအချိန်၌ကြားလိုက်သော bellသံကြောင့် အံသြသွားရသည်၊
ဘာလဲဟာ...ဒီအချိန်ကြီးဘယ်သူလဲ၊ ဒီအချိန်ကခါတိုင်းသူကကျောင်းသွား၊မေမေက ရုံးသွားအိမ်၌လူမရှိ ၊ ဒါကြောင့်ဘာဧည့်သည်မှလာစရာအကြောင်းမရှိ၊ အဆက်မပြတ်မှီနေတဲ့ bellသံကြောင့် တံခါးဖွင့် ဖို့ထလာခဲ့ရသည်၊"သြော်ငါ့မှာလည်းfeelတာတောင်ဇိမ်နှင့်မfeelရပါလား" လို့ ကိုယ့်ဘ၀ကိုယ်သနားလွန်း၍ရည်ရွတ်မိသည်။
တံခါးဖွင့်ချိန်မြင်လိုက်ရတဲ့သူကြောင့် လူကတောင့်တောင့်ကြီးရပ်နေမိသည်၊ မောင်က ဘယ်ကနေဘယ်လို...ဒီကို...
"သည်းငယ်...ဘယ်လိုဖြစ်တာလဲ?phလည်းမကိုင်ဘူး၊ကိုယ်phတွေဆက်နေတာကို...နေမကောင်းဘူးဆိုဘာဖြစ်တာလဲ၊ ငိုထားတာလားမျက်လုံးတွေကနီရဲပီးဖောင်းကားနေတာဘဲ၊ ပြောစမ်းကလေး...ဘယ်ကောင်ကကလေးကိုဒီလောက်ငိုအောင်လုပ်တာလဲ၊ နေရောကောင်းရဲ့လား၊မျက်နှာက ဖြူဖတ်ဖြူရော်နဲ့...သည်းငယ်"
ပြောချင်ရာတွေပြောပြီးအိမ်ထဲဝင်လာတဲ့ မောင်ကြောင့်ထယ်ယောင်းကြောင်ကြည့်နေမိသည်။
မောင့်ရဲ့သည်းငယ်ဟုခေါ်ကာ ပုခုံးသို့ဖွဖွလေးလာကိုင်မှအသိပြန်ဝင်လာသည်။"ဗျာ..."
"ကိုယ့်သည်းငယ်ကတော့...ကိုယ်မေးတာကိုဖြေဦးလေ"
"ဗျာ...ဘာမေးလိုက်တာလဲ"
ဂျုံးဂု မျက်ခုံးတစ်စုံဟာ အလိုမကျစွာ တွန့်ချိုးသွားသည်။
YOU ARE READING
Silent
FanfictionSilentဆိုကတည်းကငါသိခဲ့ရမှာ။ မင်းအတွက်ငါကချွင်းချက်ဖြစ်လာမယ်ထင်ခဲ့တာ။ ငါ့ကိုတော့အချစ်စစ်ဘဲပေးခဲ့တယ်လို့ထင်ခဲ့မိတာ။ Storyတွေထဲကလိုဇာတ်သိမ်းမှာတော့ငါ့ဆီပြန်လာမယ်ထင်ခဲ့ပေမယ့်........ ငါမေ့သွားတဲ့အချက်က........ မင်းက မင်းသားမဟု...