(Zawgyi)
Silent -7ထယ်ယောင်း မောင်နဲ့တွေ့ပြီးတော့ အိမ်ပြန်ရောက်တဲ့အထိကို မျက်နှာထက် မှာအပြုံးတို့ကပ်တွယ်နေတာမို့ မေမေက တောင်မေးယူရသည်အထိ။ ဒီအတိုင်းပျော်စရာကိစ္စလေးရှိလို့ဟု မေမေ့အား ပြောပြီး အိပ်ခန်းထဲသို့ ၀င်လာခဲ့သည်။
Mrs.Kimမှာလည်း မနက်က အစောကြီးထွက်သွားပြီး ညကျတော့မိုးချူပ်မှပြန်လာ၍ ပြုံးစိစိနဲ့ ဖြစ်နေသော သားအားမေးစရာများရှိပေမယ့် မမေးဖြစ်ခဲ့ပါ။ ညနေလောက်က ဂျီမင်လေးက ထယ်ယောင်းလေး အားသတင်းလာမေးသည်ဟုဆိုကာရောက်ချလာခဲ့သည်၊ ဒီကလေးကျောင်းမသွားဘူးလား ဟုမေးတော့ ဂျီမင်လေးက ထယ်ယောင်းနေမကောင်း၍စောစောပြန်သွားကြောင်း ပြောပြ၍ စိုးရိမ်သွားရသော်လည်း၊ ရုံးမှအိမ်သို့ပြန်ရောက်ကတည်းက ယောင်းငယ်လေးအားမတွေ့မိတော့ အံ့သြရပြန်သည်။ နေမကောင်းဘူးပြော၍ အပြင်ထွက်နေသော သား တွင် တစ်ခုခုရှိနေပြီကိုခန့်မှန်းမိပါသည်။
"မေမေ့သားလေး ရည်းစားများရနေပြီလား ကလေးရယ်..."
"မေမေမျှော်လင့်ထားသလို သားချစ်သူဟာ မိန်းကလေးဖြစ်ပါစေလို့ဘဲ ၊ မေမေ မျှော်လင့်မိတယ် ယောင်းငယ်..."
"မေမေ့ဆုတောင်းတွေပြည့်မှာပါနော်၊ယောင်းငယ်လေး..."
အိမ်ပေါ်သို့တက်သွားဖြစ်တဲ့သားလေးအားကြည့်ကာရည်ရွတ်မိသည်။
သို့သော်...သူမ၏ဆုတောင်းများဟာ မပြည့်မှန်း သူမ သိခဲ့လျှင်...
သူမ ယခုအခြေအနေအား တားမြစ်မိမှာမလွှဲမသွေပင်...🌘🌘🌘🌘🌘🌘🌘🌘🌘🌘🌘🌘🌘🌘
ထယ်ယောင်း မောင်နှင့်တွဲနေသည်မှာ သုံးလလောက်ပင်ရှိတော့မည်။
မောင်နှင့်တွဲနေသည်ကို ဂျီမင်နီးကို သူပြန်မပြောရဲ...
မောင်၏နှုတ်ခမ်းမှထွက်သော စကားလုံးတိုင်းဟာသူ့အတွက်အမိန့်ပင်၊
YOU ARE READING
Silent
FanfictionSilentဆိုကတည်းကငါသိခဲ့ရမှာ။ မင်းအတွက်ငါကချွင်းချက်ဖြစ်လာမယ်ထင်ခဲ့တာ။ ငါ့ကိုတော့အချစ်စစ်ဘဲပေးခဲ့တယ်လို့ထင်ခဲ့မိတာ။ Storyတွေထဲကလိုဇာတ်သိမ်းမှာတော့ငါ့ဆီပြန်လာမယ်ထင်ခဲ့ပေမယ့်........ ငါမေ့သွားတဲ့အချက်က........ မင်းက မင်းသားမဟု...