(Zawgyi)Silent-12
"ရွေး သည်းငယ်၊ သူ့နောက်လိုက်မှာလား၊ကို့နောက်လား"ပေါ်ထွက်လာသောမောင့်အသံသည် မောင်ဘယ်လောက်ဒေါသထွက်နေကြောင်းသက်သေပင်။
ထယ်ယောင်းလက်တွေသေလောက်အောင်နာနေပြီဖြစ်သည်၊ မောင်က အတင်းဆုတ်ကိုင်ထားတာမို့ နီရဲနေလေပြီ။
နာကျင်ရပေမယ့် ထယ်ဘာလို့ပျော်နေမိတာလဲမောင်၊
မောင်သည်သူ့အားသဝန်တိုသည် ဆိုသော အသိသည် သူ့အား မိုးပေါ်ပင်ရောက်သွားစေသလို ၊မောင်ဆုတ်ကိုင်ထားသောလက်အားကြည့်ကာပြန်ပြောမိသည်က "သေချာပေါက် မောင်ပေါ့"
"ကြားတယ်နော်လွှတ်လိုက်တော့၊မင်းရဲ့လက်ကို"
ပြေလျော့သွားသော လက်တစ်စုံနဲ့အတူ စောင့်ဆွဲလိုက်သောလက်တစ်စုံကြောင့် ထယ်ယောင်း ကိုယ်လေးဟာ မောင့်ရင်ခွင်ထဲတန်းကနဲ...
မျက်နှာချင်းဆိုင်က ဂျီဟွန်းဆီအကြည့်ရောက်မိတော့ အံ့သြနေပုံ...
မောင်ကတော့အောင်နိုင်သူလိုပြုံးကာ
"ဒါဆို ကိုယ်တို့ကိုခွင့်ပြုပါဦး ၊Arr ပြီးတော့ လက်ရှိအခြေအနေကိုဘဲပိုစိတ်ဝင်စားတယ်။အတိတ်ကိုဂရုမစိုက်တတ်ဘူး"
မောင့်ရဲ့ခနဲ့တဲ့စကားကြားမှ ဂျီဟွန်းကအသိပြန်ဝင်လာပုံပင်"ဒါနဲ့နေပါဦး၊ခများကကျွန်တော့်ထယ်နဲ့ဘယ်လိုပတ်သတ်နေလို့ကျွန်တော်တို့ကြားဝင်ပါနေရတာလဲ"
မောင်ဖြေမယ့်အဖြေအားစိတ်ဝင်စားစွာထယ်ယောင်းမောင့်အားမော့ကြည့်မိသည်။ဒီအခြေအနေမှာရော မောင်ဘယ်လိုဖြေမှာလဲ?
"အကို...ငါကထယ်ယောင်းရဲ့အကို"
"ဟုတ်လို့လားကျွန်တော်ထယ့်မှာအကိုရှိတယ်လို့တစ်ခါမှမကြားဘူးဖူး"
"အခုကြားဖူးပြီမလား မှတ်ထားလိုက် ပြီးတော့နောက်ထပ်ထယ်ယောင်းနဲ့ထပ်မပတ်သက်နဲ့တော့"
"ဒါကကျွန်တော့်အပိုင်းပါ၊ခင်များနဲ့မဆိုင်ပါဘူး၊ဒါဆိုထယ်ကိုယ်အရင်ပြန်နှင့်မယ် ဘယ်တော့ပြန်တွေ့မလဲမသေချာပေမယ့် နောင်တချိန်ကျရင်တော့ကိုယ်သေချာပြန်ကြိုးစားမှာပါ"
YOU ARE READING
Silent
FanfictionSilentဆိုကတည်းကငါသိခဲ့ရမှာ။ မင်းအတွက်ငါကချွင်းချက်ဖြစ်လာမယ်ထင်ခဲ့တာ။ ငါ့ကိုတော့အချစ်စစ်ဘဲပေးခဲ့တယ်လို့ထင်ခဲ့မိတာ။ Storyတွေထဲကလိုဇာတ်သိမ်းမှာတော့ငါ့ဆီပြန်လာမယ်ထင်ခဲ့ပေမယ့်........ ငါမေ့သွားတဲ့အချက်က........ မင်းက မင်းသားမဟု...