Jennie ဆေးရုံတွင် ၁၈ ရက်နီးပါးနေရသည်။
သူမ အဲ့လောက်ကြာအောင်မနေချင်သော်လည်း
manager ဖြစ်သူ Lisa က
သူမ လုံးဝသက်သာမှ ဆင်းရန်ပြောလွန်းသဖြင့်
ဆေးရုံစောစောဆင်းခွင့်မရ ။
ဆေးရုံတက်နေရသော အတော်အတွင်း
Jennie သူမ ၏ manager ဖြစ်သူနှင့်
တော်တော်လေးရင်းနီးလာခဲ့သည်။
Lisa ပြောသည်မှာ ထိုတိုက်ခန်းသည်
သူမအခန်းဖြစ်ကြောင်း အထဲမှ အဝတ်အစားများ
သည်လည်း သူမဟာ များဖြစ်ကြောင်း
သူတို့နှစ်ယောက်အတူနေရမည်ဖြစ်ကြောင်း
Jennie ရောက်နှင့်နေသည် ကိုမသိသောကြောင့်
ရေချိုးခန်းစီတန်းဝင်လာခြင်းဖြစ်ကြောင်းရှင်းပြ
တော့မှ Jennie သူ့အခန်းဆိုပြီး
ရန်ထောင်ခဲ့သည်ကို ပြန်တွေး၍
ရှက်နေလေသည်။Lisa က
သူမအဝတ်အစားများကိုကြိုက်တာ
ယူဝတ်နိင်သည်ဟုလည်း ခွင့်ပေးထားသည်။
Lisa နှင့်တော်တော်လေးရင်းနှီးလာတော့မှ
Lisa သည် စိတ်သဘောကောင်းသူ ဖြစ်ကြောင်း Jennie သိလာသည်။စကားပြော ဘုကျ သည်မှာ သူမ၏
ပင်ကိုယ်စရိုက်ဖြစ်ပြီးသူမမှန်နေလျှင် မည်သူ့မှဂရုမစိုက်ချေ။
ပြုံးလိုက်လျှင်အလွန်လှပြီး ဘာပြောပြော ရယ်နေ
တတ်သည်။ သိပ်မရီရသော ဟာသ များကိုပင်
လှိုက်လှိုက်လှဲလှဲ ရယ်မောတတ်ပြီး
မြင်ရသည့်ပုံထက် စိတ်ထားနူးညံ့သူဖြစ်သည်။
ဒေါသထွက်လျှင်တော့ တော်တော်လေး
ကြောက်ဖို့ကောင်းသူဖြစ်သည်။တစ်ခါ Nurse မလေး တစ်ယောက် Jennie ကို
ဆေးတိုက်ရန်လုပ်နေချိန်
တိုက်နေသောဆေးမှာ မှားနေသည်ကို Lisa
သတိပြုမိပြီးထို Nurse မလေးကို ငေါက်လိုက်သည်မှာ
Jennie ပါလန့်သွားသည်။
YOU ARE READING
[JenLisa] My Manager(Translated Fic)
RomanceUnicode အင်း FB မှာ chapter တော်တော်များများတင်ဖူးတော့ သိပ်ပြီး intro မဝင်တော့ပါပူးနော် စိတ်မြန်လက်မြန် Manager မလေး Lisa နဲ့ Idol လေး Jen တို့ကြားက အချစ်ဇာတ်လမ်းလေးကို အားပေးကြပါဦးနော် ZawGyi အင်း FB မှာ chapter တော်တော်များများတင်ဖူးတော့ သိပ်ပြီး...