Chapter 6(ZawGyi)

1.4K 80 26
                                    


Phone မှ alarm သံနှင့်အတူ Jennie နိုးလာသည်။

ညက Lisa ပြန်လာသည့်ပုံမပေါ် ။ ပေါင်မုန့်တစ်ချပ်

ကြက်ဥတစ်လုံးဖြင့်သာ မနက်စာကို အလွယ်ပြီး
လိုက်သည်။

Practice ရှိမရှိလည်း ဖုန်းဆက်ထားခြင်းမရှိ။

မထူးပါဘူး သွားလိုက်တာမှန်ပါတယ် ဟုတွေးကာ

ကားငှါးပြီး ထွက်လာခဲ့လိုက်သည်။ Practice Room ထဲ

တွင်တော့ ဘယ်သူမှမရှိ။ manager တဖြစ်လဲ Jennie ၏

အကနည်းပြ Lisa တစ်ယောက်တော့ ဘယ်ရောက်နေမှန်း

မသိ။ Practice Room သို့လာရာလမ်းတွင် Seungri နှင့်

တွေ့၍ မေးကြည့်ခဲ့သော်လည်း သူလည်းသိသည့်ပုံမပေါ်။

မတတ်နိင်။ Director M ၏ ရုံးခန်းသို့တိုက်ရိုက် သွားမေး

လိုက်လျှင် တစ်ခုခုတော့ သိရမှာပဲ ဟု Jennie တွေးလိုက်

မိသည်။ စိတ်ထဲတွင် Lisa ကို Seungri သာမက

Director M ကပါ အနည်းငယ် ကြောက်နေသည်ဟု

Jennie တွေးနေမိသည်။ ပြီးမှ "မဖြစ်နိင်တာ

Director M လို ME Entertainment ပိုင်ရှင်က ငါ့

Manager ကို ကြောက်တယ်ဆိုတာ" ဟု တွေးပြီး

တစ်ယောက်တည်းရီနေလိုက်သည်။ လျှောက်လမ်း

အတိုင်းလျှောက်လာရင်း လမ်းချိုးတစ်ခုတွင် ထူးထူး

ဆန်းဆန်း အသံတစ်ခုကြားရ၍ Jennie ရပ်လိုက်မိသည်။

အသံက တခြားမဟုတ်။ အသက်ရှူသံ ပြင်းပြင်းများ

ဖြစ်ရာ Jennie ဆက်မသွားတော့ပဲချောင်းကြည့်

လိုက်သည်။

Jennie " ဟင် Ms.Rose !"

Ms.Rose ကိုမြင်ပြီး Jennie ထိပ်လန့်သွားခြင်းမှာ တခြား

မဟုတ်။ လျှောက်လမ်းထဲတွင် Ms.Rose သည် Jennie

လာသည့် ဘက်ကို ကျောပေးထားသော အမျိုးသမီး

တစ်ဦးနှင့် အနည်းငယ် ကြမ်းကြမ်းတမ်းတမ်း kiss နေကြ

ခြင်းကြောင့်ပင်။ နှောင့်ယှက်မိမှာ စိုး၍ အသာလေး

[JenLisa] My Manager(Translated Fic)Tahanan ng mga kuwento. Tumuklas ngayon