Chapter 2- Part 1

2.4K 123 7
                                    

"ငါက Lalisa Manoban ပါ"

Jennie " ရှင် "

Jennie လုံးဝကိုမျက်လုံးပြူးပြီးပါးစပ်အဟောင်းသားဖြစ်သွားလေသည် ။

စိတ်ထဲတွင် " ဟိုညက ဖုန်းဆက်တဲ့ stalker
ကောင်မလေး ကငါ့ manager တဲ့လား "

မိမိအမှားဖြစ်သည် ဟု Jennieေ
တွးလိုက်မိသော်လည်း

တစ်ဖန်ပြန်ပြီး " သူမှ ငါကနင့် manager
လို့မပြောတာ

ငါမမှားပါဘူး ဟွန်း " ဟုပြန်တွေးလိုက်ပြန်သည်။

Lisa " မင်းငါ့ဖုန်းကို Block ထားတယ်နော်"

Jennie ကိုစိုက်ကြည့်ရင်းပြောလိုက်သည်။

Jennie " အဲ့တုန်းက ရှင်က ကျွန်မ manager
လို့ သိမှ မသိတာ"

နှုတ်ခမ်းလေးစူပြီး  ပြန်ပြောလိုက်သည်။

Lisa " ငါ့ကိုလှိမ့်မနေနဲ့ ရုံးက ဘိုးတော်
ပြောထားတယ်မလားငါလာမယ်ဆိုတာ"

Lisa တစ်ယောက် Jennie ရဲ့ပုခုံးကို
လှမ်းဖက်လိုက်ပြီး

Lisa " ထားပါတော့ သွားကြမယ်လေ
ငါ့မှာအဲ့ဒီ့ ဘိုးတော်နဲ့စကားပြောစရာတွေ
ရှိသေးတယ်"

Seungri ကို သွားကြရန် မျက်ရိပ်လှမ်းပြလိုက်သည်။

Lisa သူ့အထုတ်ပိုးတွေကို Seungri နဲ့ထားခဲ့ပြီး

ဘာမှမသယ်ပဲ Jennie ၏ပခုံးလေးကိုဖက်ရင်း
ကားစီလမ်းလျှောက်သွားတော့သည်။

Lisa "မင်းတို့ လာတော့ ဒီ Van နဲ့လာတာလား"

သူတို့နှစ်ယောက်ရှေ့မှ Van ကားလေးကို လက်ညှိုးထိုးပြီးမေးလိုက်သည် ။

Jennie စကားပြန်မပြောပဲခေါင်းပဲငြှိမ့်ပြလိုက်သည်။

Lisa " ငါ van ကိုလုံးဝမစီးဘူး

ငယ်ငယ်ကတည်းကနေ ခုထိ sports ကားတွေပဲသဘောကြတာ

ဒီ van တော့ ဘယ်လိုနေနေ ငါမစီးနိင်ဘူး"

Lisa ၏ မျက်နှာမှာအနည်းငယ်တင်းမာနေပြီး
van ကိုမကြိုက်ဘူးဆိုသည်ထက်

ဤ van နှင့်ပက်သက်ပြီး

အတိတ်ဆိုးတစ်ခုခုရှိ၍ ငြင်းနေသလားဟု

[JenLisa] My Manager(Translated Fic)Hikayelerin yaşadığı yer. Şimdi keşfedin