Jennie မျက်လုံးကိုဖြည်းညှင်းစွာဖွင့်လိုက်သည်။
မျက်လုံးသည် ဖြည်းဖြည်းချင်းအလင်းအမှောင်ကို
ကျင့်သား ရလာပီး အမိုးဖြူဖြူကို ဦးစွာမြင်လိုက်
သည်။ခေါင်းအနည်းငယ်ကိုက်နေဆဲဖြစ်ပြီး လက်
တွင်ချိတ်ထားသော ဆေးပိုက်နှင့် အခန်းအပြင်
ဆင်အရ မိမိဆေးရုံပေါ်ရောက်နေမှန်းသိလိုက်သည်။
အခန်းတံခါးပွင့်လာပြီးခပ်ငယ်ငယ်ချောချော
ဆရာဝန်မလေးတစ်ယောက်နှင့်
plastic အိပ်တစ်လုံးဆွဲကာ
leather Jacket ကိုဝတ်ထားသော
အရည်ရှည်ရှည်ချောချော
သူမ၏ manager ဖြစ်သူတို့ ဝင်လာလေသည်။
"နိုးလာပီလားရှင့်"
ဆရာဝန်မလေးမှ နူးညံ့သောအသံဖြင့်
မေးလိုက်သည်။
Jennie အသာပြန်ပြုံးပြ၍ ခေါင်းညှိမ့်လိုက်ပြီး
မျက်လုံးများက Lisa ကိုသာကြည့်နေလေသည်။
Lisa တစ်ယောက် Jennie ဘေးတွင်အသာလေး
ဝင်ထိုင်ပြီး Jennie ၏ လက်ကလေးကိုဖွဖွလေးဆုပ်ကိုင်ထားကာ
စိုးရိမ်နေသော မျက်နှာဖြင့် ကြည့်နေသည်။
"ငါ့ manager ကကြည့်ရတော့သာအပေါက်ဆိုး
သလိုလိုနဲ့ခုလိုကျတော့လဲ ချစ်စရာလေးပဲ
သဘောကောင်းတယ်ထင်ပါတယ် " ဟု Jennie တွေးမိသည်။
Lisa " မင်းငါ့ကိုတော်တော် လန့်သွားအောင်
လုပ်တာပဲ နောက်တစ်ခါသတိထားနော်
ငါတော်တော်ကိုလန့်သွားတာ မင်းမသိလို့"
အတွေးနွံထဲ နစ်မြောနေရာမှ သူမ၏ Manager
အသံကိုကြားလိုက်ရသည်။ အခန်းထဲတွင်
ဆရာဝန်မလေးကားမရှိတော့။
Jennie " ငါဘာဖြစ်တာလဲ ဟင်"
အသံက သူမ ထင်ထားသည်ထက်ကို
တိုးပြီးအားနည်းနေသည်။
YOU ARE READING
[JenLisa] My Manager(Translated Fic)
RomanceUnicode အင်း FB မှာ chapter တော်တော်များများတင်ဖူးတော့ သိပ်ပြီး intro မဝင်တော့ပါပူးနော် စိတ်မြန်လက်မြန် Manager မလေး Lisa နဲ့ Idol လေး Jen တို့ကြားက အချစ်ဇာတ်လမ်းလေးကို အားပေးကြပါဦးနော် ZawGyi အင်း FB မှာ chapter တော်တော်များများတင်ဖူးတော့ သိပ်ပြီး...