Chapter 3-Part 2(Unicode)

616 65 0
                                    

" 15 min နားမယ်နော် "

အကနည်းပြဆရာ မှ ပြောလိုက်ခြင်းဖြစ်သည်။

Jennie နားနေချိန်တွင် သူမ ၏ manager ထိုင်
နေရာ

သို့သွားပြီး အမောဖြေနေသည်။ ပင်ပန်းပြီး

ကိုယ်လက်များ ကိုက်ခဲရသည့်အထဲ အကနည်းပြ

ဆရာ သင်ပေးပုံကို Jennie သိပ်သဘောမကျ။

Lisa ခပ်တည်တည်နှင့် မလှုပ်ပဲ Jennie ၏

Dance Practice ကိုကြည့်နေခဲ့ခြင်း

ဖြစ်ရာ အိပ်ပဲပျော်နေသလား သူ့ပဲစိတ်ဆိုးနေတာ

လားဟုJennie တွေးမိလေသည်။

Jennie " Lisa ငါ နင့်ကိုရိုက်လိုက်တာ
စိတ်ဆိုးနေတုန်းလားဟင်"

Lisa ဘာမှမပြောပဲ Jennie ကိုတစ်ချက်ငှဲ့ကြည့်ပြီး

အနီးမှ ရေဘူးကိုယူကာ အဖုံးဖွင့်ပြီး ပေးလိုက်သည်။

" ငါ့ကိုစိတ်တော့မဆိုးဘူး ထင်ပါတယ် ဟီးဟီး "

Jennie စိတ်ထဲမှတွေးပြီး ပြုံးလိုက်သည်။

Lisa " မင်းအဲ့ နည်းပြကောင်နဲ့ အဆင်မပြေရင် ငါ့ကို ချက်ချင်းပြော"

Jennie " ဟမ် "

Lisa သည် Jennie ၏ အကြိုက်ကို

အထူးဂရုစိုက်တတ်ပြီးအကယ်၍ ယခု Jennie သာ

နည်းပြမကောင်းကြောင်း တစ်ခုခုပြောလိုက်လျှင်

ချက်ချင်းထသွားပြီး နည်းပြကို

ပြသနာထရှာမည် ဖြစ်ကြောင်း Jennie

သိလေသည်။

Jennie " အဆင်ပြေပါတယ် ဘာမှမဖြစ်ဖူး"

Jennie လောလောဆယ်တော့ ဘာပြသနာမှ

မတတ်ပဲ Dance practice ကိုပြီးချင်လေပြီ။

Lisa " သေချာလား ငါ့ကိုပြောလို့ရတယ်နော်
မင်းအဆင်မပြေရင်"

Jennie " အင်း ဘာမှမဖြစ်ဖူး ရပါတယ်"

Lisa " ပြီးတာပဲ မင်း ပြီးရင်င့ါကိုခေါ်လိုက် "

Lisa အခန်းထဲမှ ခပ်ဆောင့်ဆောင့်ထွက်သွားပြီး

တံခါးကိုခပ်ကြမ်းကြမ်းပိတ်သွားသည်။ Lisa သည်

[JenLisa] My Manager(Translated Fic)Where stories live. Discover now