Episode 6

139 19 1
                                    

သူတို့​တွေသစ်​ပင်​​အောက်​က အပြာ​ရောင်​ဝတ်​စုံနဲ့ မိန်းက​လေးကိုသွား​မေးဖို့ဆုံးဖြတ်​လိုက်​ကြတယ်​။ သူမကဓား​ရေးကျင့်​​နေတာဖြစ်​တယ်​။ အဲ့တာ​ကြောင့်​ သူတို့ခဏ​စောင့်​ကြည့်​လိုက်​ပြီး သူမဓားကွက်​ပြီးသွားမှ Zheng Yao ကအနားကိုတိုးသွားတယ်​။

"ဒီကမိန်းက​လေး..... ကျွန်​​တော်​တို့တစ်​ခု​လောက်​​မေးချင်​လို့ပါ။ ကျွန်​​တော်​တို့​တွေ ဘုရား​ဝတ်​ပြုခန်း ကိုရှာ​နေတာ ရှာမ​တွေ့လို့။ တစ်​စိတ်​​လောက်​လမ်းညွှန်​​ပေးလို့ရမလား။"

ထိုမိန်းက​လေးက အ​နောက်​ဘက်​ကလာတဲ့Zheng Yaoရဲ့အသံကိုကြား​တော့ ​အ​နောက်​ကိုလှည့်​ကြည့်​လိုက်​တယ်​။ ထိုမိန်းက​လေးက အင်္ကျီအပြာနု​လေးကိုဝတ်​စင်​ထားပြီး ဆံပင်​ကိုလည်းစုပြီး ခပ်​မြင့်​မြင့်​ချီ ထားတယ်​။

မျက်​လုံး​လေးကဝိုင်း​နေပြီး မဲနက်​​တောက်​ပ​နေတယ်​။ အသားအ​ရေကလည်းနှင်းလိုဖြူစွတ်​​နေပြီး ပန်းနု​ရောင်​သန်း​နေတဲ့နှုတ်​ခမ်း​လေးတစ်​စုံနဲ့ နှာတံသွယ်​သွယ်​ မျက်​နှာ​သေး​သေး​လေးက တကယ့်​ကို​ချော​မောလှပလွန်းတဲ့ မိန်းမပျို​လေးတစ်​​ယောက်​ဖြစ်​​စေတယ်​။

ခန္ဓာကိုယ်​​လေးက မိန်းက​လေးတစ်​​ယောက်ဖြစ်​တဲ့​သေးသွယ်​​ပေမဲ့ ကြံ့ခိုင်​တဲ့အတွက်​ ဝိညာဉ်​စွမ်းအင်​ကျင့်​ကြံသူတစ်​​ယောက်​ဖြစ်​တယ်​ဆိုတာ ခန့်​မှန်းလို့ရတယ်​။ ​ငယ်​ငယ်​​လေးကတည်းကကျင့်​ကြံခဲ့တယ်​ထင်​တယ်​။ သူမရဲ့ဝိညာဉ်​စွမ်းအင်​က ​တော်​​တော်​ကြီးမားတယ်​ဆိုတာ ခံစားလို့ရတယ်​။

"ဒီလမ်းအတိုင်းတည့်​တည့်​သွား ​ရေကန်​​တွေ့ရင်​ ညာ​ဘက်​မှာရှိပါတယ်​။" သူမက သူမ​ရှေ့ကလမ်းကိုညွှန်​ပြရင်း​ပြောလိုက်​တယ်​။

"​သြော်​..​ကျေးဇူးတင်​ပါတယ်​ မိန်းက​လေး။ ခွင့်​ပြုပါဦး။" Zheng Yao ထိုမိန်းက​လေးကိုနှုတ်​ဆက်​ပြီး ပြန်​ထွက်​သွားတယ်​။

"Xiao Yao ဘာတဲ့လဲ။"Bai Jin ကဦးစွာ​မေးတယ်​။ "ဒီလမ်းအတိုင်းတည့်​တည့်​သွားပြီးရင် ​ရေကန်​​ရောက်​ရင်​ညာချိုးတဲ့။" Zheng Yao ကအ​ဖြေ​ပေးလိုက်​တယ်​။ "​မိန်းမလှ​လေးက အဲ့လို​ပြောမှ​တော့အဲ့လိုသွားကြတာ​ပေါ့" ရီ​ဝေ​နေတဲ့မျက်​လုံးများနဲ့ ရမက်​ဆန်​ဆန်​ Wang Long ​ပြောလိုက်​တယ်​။

နောက်ဘဝရှိခဲ့သော် (Zawgyi+Uni)Where stories live. Discover now