Episode 26

159 9 0
                                    

#Zawgyi#

Wo Bai Li, Lan Li မင်သေသွားကာ ဘေးကတွတ်ထိုးနေတဲ့စကားသံတွေကိုကြားမှ ပြန်သတိဝင်လာလေသည်။

"ဟယ် မထင်ရဘူး။ Wo အိမ်တော်က အငယ်အနှောင်းရဲ့ သမီးကိုတောင် ပုံမှန်ဝတ်ဖို့အတွက်ကိုတောင် ရွှေဆ ၁၀၀ လောက်တန်တာကို ဆင်ပေးနိုင်တယ်လဲ ပြောသေး Qin အိမ်တော်ကိုကျ အကြွေးမဆပ်တာ တစ်နှစ်လုံးလုံးရှိပြီ။"

"အေးလေ ဘယ်လိုတောင်အရှက်မရှိတာလဲ"

"အကြွေးက လည်ပင်းရောက်နေပြီကို ချွေတာမယ်မရှိဘူး။ ပိုက်ဆံကို ရေလိုသုံးနေတာပဲ။ Wo သခင်ကြီးကတော့ သနားပါတယ်။"

"@#$%&@#$%&@#$%&........."

ဘေးကလူအုတ်က Wo Bai Li ပြသနာစရှာတည်းကထက် နှစ်ဆလောက်များနေပြီဖြစ်တာမို့ လူတွေရဲ့ တွတ်ထိုးပြောဆိုနေတာတွေက တစ်ယောက်တစ်ပေါက်နဲ့ ဆူညံနေလေတယ်။ Wo Bai Li လည်း ကိုယ့်ရှူးကိုယ်ပြန်ပက်ခံလိုက်ရတာကြောင့် မျက်နှာကြီးတစ်ခုလုံး ဒေါသနဲ့ရော ရှက်စိတ်နဲ့ပါ နီယဲပြီး နှုတ်ဆက်ကာ ထွက်သွားမည်အလုပ် Lan Li က

"မေ့တော့မလို့ ဆရာတူညီမလေးတို့ ဒီနှစ်မှာလဲ ကျောင်းစည်းကမ်းထိန်းသိမ်းရေးတာဝန်ကို ဒီဆရာတူအမကနေပဲ ဦးဆောင်လုပ်ကိုင်သွားရဦးမှာ။

ကျောင်းတော်ရဲ့ စည်းကမ်းချက်ထဲမှာ စည်းကမ်းချက်အမှတ် ၃ ဖြစ်တဲ့ဆရာတူအကိုအမတွေကို ရိုသေလေးစားစွာပြောဆိုဆက်ဆံဖို့နဲ့ စည်းကမ်းနံပတ် ၅ ဖြစ်တဲ့ ကျောင်းသို့ တန်ဖိုးကြီးလက်ဝတ်ရတနာများနဲ့ တန်ဖိုးကြီးအဝတ်အစားများမယူဆောင်လာရရယ် တို့ကိုချိုးဖောက်ထားတာမို့ ကျောင်းဖွင့်တဲ့ ပထမရက်မှာ အပြစ်ခံယူဖို့အတွက် ကျောင်းသားစည်းကမ်းထိန်းသိမ်းရေးဌာနကို လာခဲ့ပေးကြပါနော်။"

Wo Bai Li တို့ ၃ ယောက်လုံးရဲ့မျက်နှာတွေအကုန်လုံး သွေးမရှိတော့သလို ဖြူဖျော့သွားကြတယ်။ သူတို့ကြောက်လန့်ကာ ဘာမှမပြောနိုင်ဖြစ်သွားတဲ့ အချိန်မှာ Lan Li က ချိုသာတဲ့အပြုံးလေးတစ်ခုကို ပန်ဆင်ကာ

"ဒီက ဆရာတူအမကို ခွင့်ပြုပါဦး။ လုပ်စရာလေးတွေ ရှိသေးလို့"

အသာပြုံးကာ သူတို့တွေအကုန်လုံးကို ကျောခိုင်းကာ Li Li တို့ဆီကိုသာ ဦးတည်လိုက်တော့တယ်။ ဘေးက Xiang Xiang ကတော့ မျက်လုံးလေးပြူးကာ Lan Liကို စူးစိုက်ကြည့်နေတယ်။ Lan Li က အိန္ဒရေရှိစွာနဲ့ မျက်လွှာချထားလျက်

နောက်ဘဝရှိခဲ့သော် (Zawgyi+Uni)Hikayelerin yaşadığı yer. Şimdi keşfedin