ဖြူဖွေးနေတဲ့အဖြူရောင် နှင်းကတ္တီပါအချပ်များနှင့် ဖြူစင်သောနှင်းပွင့်တွေဟာ လရောင်ကြောင့်ပိုမိုဖြူဆွတ်နေသည်အလွန်တရာလှပနေသယောင်ဖြစ်နေပေမဲ့လည်း ထိုအလှအပတို့ကို အကျဉ်းတန်စေခဲ့သည်တို့က
ကြက်သွေးရောင် သွေးကွက် သွေးအိုင်များဆောင်းရာသီသဘောသဘာဝအရ အအေးဓာတ်ကိုသာခံစားရမည်ဖြစ်သော်လည်း တဟုန်းဟုန်းတောက်လောင်နေတဲ့ မီးတောက် မီးညွန့်တွေနဲ့ ပူလောင်နေတယ်
မီး..ဆိုတဲ့သဘောသဘာဝနဲ့အညီ ပူလောင်ခြင်း မုန်းတီးခြင်းတွေနဲ့အတူ တိုက်ခိုက်သံတွေ
မြေပြင်ပေါ်လဲကျသေဆုံးသူတွေ မိမိအသက်နဲ့မိသားစုကို ကာကွယ်ဖို့ ဓားကိုကိုင်ဆွဲပြီး အစွမ်းကုန်ကာကွယ်နေကြတဲ့ သူတွေ
သုသာန်တစပြင်သဖွယ် လူသတ်ကွင်းသဖွယ် ငရဲတစ်ဖွယ်ဖြစ်ပေါ်နေသော Qin အိမ်တော်
ထိုအချိန်မိန်းမပျိုတစ်ဦး
ဖြူဖျော့နေသောမျက်နှာ သွေးတွေနဲ့စွန်းကျံနေတဲ့ အပြာနုရောင်ဝတ်ရုံလေးကလည်း လေအဝှေ့မှာ တစ်ဖျက်ဖျက်လှုပ်ခပ်နေတယ်
ပါးစပ်မှလည်းလေပူများကို စီးချက်ညီစွာမှုတ်ထုတ်နေတယ်
လက်ဖျံမှ တတောက်တောက်စီးကျနေသောသွေးစက်များကိုမမှု ဓားကိုကျစ်လစ်စွာစုတ်ကိုင်ထားသည်ကျောက်စိမ်းပြားအဆောင်လေးကို ကျန်လက်တစ်ဖက်ကနေ ကျစ်လစ်စွာကိုင်ထားပြီး နာကျဉ်မှုတွေကို အံတုပြီး လေးလံသောခြေလှမ်းများနှင့် အလွန်ကြီးမားစွာလာင်ကျွမ်းနေတဲ့ မီးပုံနားကို တအိအိဦးတည်နေသည်
ထိုစဉ်
"တူမလေး Lan-Arr မင်းပြေးမလွတ်တော့ပါဘူးအင်အားတွေ အကုန်ခံပြီးပြေးမနေပါနဲ့တော့လား
သမီးချစ်လှပါပြီဆိုတဲ့သမီးရဲ့ မယ်တော်, ငါ့ရဲ့အစ်မတော်လည်းမင်းတို့အားလုံးကိုထားသွားပြီ
STAI LEGGENDO
နောက်ဘဝရှိခဲ့သော် (Zawgyi+Uni)
Narrativa StoricaZaw Gyi# တာဝန် ဝတ္တရားတွေနဲ့ လွှမ်းမိုးခံထားရတဲ့အတွက် အချစ်ဆိုတဲ့စကားလုံး၂လုံးကို မသိကျိုးနွံပြုထားတဲ့ 'ချင်လန်လီ' သူမ အချစ်ကိုနားလည် သဘောပေါက်လိုက်တဲ့အချိန်မှာ အရမ်းနောက်ကျသွားတာကိုသိလိုက်ရတော့.......... Chinese historical ကိုအြေ...