လွန်ခဲ့သော ၅ နှစ်က.......
Jin Hai မြို့ Jin Gao Wan အိမ်တော်
"သခင်လေး Han အိမ်တော် သခင်ကြီး၊ သခင်မကြီးနဲ့ သခင်လေးတို့ ရောက်နေပါပြီ။ အခုသခင်ကြီးကိုနှုတ်ဆက်ရင်း စောင့်နေကြပါတယ်။ " အစေခံမိန်းကလေးတစ်ဦးက တိုးညှင်းစွာလျှောက်တင်လာသောအသံကို ကြားလိုက်တဲ့အခါ Zheng Yao သူမရဲ့စကားကို တုံ့ပြန်သည့်အနေနှင့်ခေါင်းတစ်ချက်ညှိမ့်ပြပြီး
" ကောင်းပြီ။ပစ္စည်းတွေကော အဆင့်သင့်ဖြစ်ပြီလား။""ဟုတ်ကဲ့ အကုန်ပြင်ဆင်ပြီးလှည်းပေါ်တင်ထားပြီးပါပြီသခင်လေး။" အစေခံမိန်းကလေးက တိုးညှင်းစွာ ပြန်အဖြေပေးလိုက်တယ်။
Zheng Yao ခေါင်းတစ်ချက်ညှင်သာစွာညှိမ့်လိုက်ပြီး အနီးမှာချထားတဲ့ လက်ဆွဲတော်ဓား Lei Yu ကိုကိုင်ဆွဲပြီး သူ့အဆောင်တော်ထဲကနေ ဧည့်ခန်းမဆောင်သို့ ထွက်ခွာသွားတယ်။ အမဲရောင်ဝတ်ရုံကိုဝတ်ထားပြီး ငွေထည်အနည်းငယ်သာဆင်မြန်းထားတဲ့ Zheng Yao ရဲ့ပုံပန်းသွင်ပြင်နဲ့ လှုပ်ရှားမှုတွေဟာ တစ်ကယ့်ကိုအမှားအယွင်းမရှိတဲ့ ကျောက်စိမ်းတုံးကောင်းတစ်ခုပမာ တင့်တယ်လှတယ်။
ဧည့်ခန်းမဆောင်ကိုရောက်တဲ့အခါ ဟောခန်းမအလယ်တွင် ထိုင်နေသော Li အိမ်တော်သခင်ကြီး Zheng Yaoရဲ့ဖခင် Li Tian Wang(လီထန့်ဝမ်) ကိုအရိုအသေပေးလိုက်ပြီး ရောက်ရှိလာတဲ့ Han အိမ်တော်သခင်ကြီး Han Wong Hai(ဟန်ဝေါင်ဟိုင်) သူ့ရဲ့ဒေါ်လေး Han အိမ်သခင်မကြီး Li Hua Tiao ပြီးတော့ သူ့ရဲ့ အကိုဝမ်းကွဲ Han Bai Jin တို့ကိုအရိုအသေပေး လိုက်တယ်။
"Xiao Yaoနဲ့ Jin Arr
Qin အိမ်တော်က ဒီမက်မွန်ပွဲတော်ကို အနှစ်၂၀နေမှတစ်ခါကျင်းပလေ့ရှိတယ်။ Qin အိမ်တော်ကလည်း သားတို့နှစ်ယောက်လုံးသိတဲ့အတိုင်းအရမ်းလှို့ဝှက်တဲ့အိမ်တော် သူတို့ရဲ့ Hua Li Shen(ဟွားလီရှန်)တောင်ရဲ့အကြောင်းတွေလဲ သားတို့ကြားဖူးနားဝရှိကြမှာပဲ။ ပြီးတော့အရမ်းစည်းကမ်းများများစားစားတော့မရှိပေမဲ့ အရေးကြီးဆုံးတစ်ခုက သူတို့နဲ့ပြသနာမဖြစ်မိပါစေနဲ့။" Li Hua Tiao က သူတိုနှစ်ယောက်လုံးကို အမှာစကားဆိုနေလေတယ်။ ဆက်ပြောမယ်အလုပ် Han Wong Hai က
ESTÁS LEYENDO
နောက်ဘဝရှိခဲ့သော် (Zawgyi+Uni)
Ficción históricaZaw Gyi# တာဝန် ဝတ္တရားတွေနဲ့ လွှမ်းမိုးခံထားရတဲ့အတွက် အချစ်ဆိုတဲ့စကားလုံး၂လုံးကို မသိကျိုးနွံပြုထားတဲ့ 'ချင်လန်လီ' သူမ အချစ်ကိုနားလည် သဘောပေါက်လိုက်တဲ့အချိန်မှာ အရမ်းနောက်ကျသွားတာကိုသိလိုက်ရတော့.......... Chinese historical ကိုအြေ...