Episode 11

157 16 1
                                    

Huan သခင်​ကြီး သက်​ပြင်းတစ်​ချက်​ကို ​ဖော့​ဖော့​လေးချမိ​လိုက်​တယ်​။ သို့​ပေမဲ့ အကြားအာရုံ အင်​မတန်​​ကောင်းတဲ့ Lan Liကြားသွားတယ်​။ Huan သခင်​ကြီး အကြပ်​​တွေ့​နေ​လေပြီ။

အကယ်​၍ Lan Li ​ပြောသည့်​အတိုင်း Qin အိမ်​​တော်​ကို ပစ်​ဒဏ်​ချမှတ်​ခွင့်​ပြုလိုက်​ရင်​လည်း သူ့ကိုသားတစ်​​ယောက်​​တောင်​ ​သေချာသွန်​သင်​ဆုံးမနိုင်​စွမ်းမရှိတဲ့ ဖခင်​ဆိုပြီး အများရဲ့​သ​တွေးပင်​လယ်​ထဲ ပတ်​လက်​​မြော​ပေမည်။ အကယ်​၍ သ​ဘောမတူခဲ့ပါလျှင်​လည်း သားသမီးမ​ကောင်း မိဘ​ခေါင်းဖြစ်​လိမ့်​ဦးမည်​။

ဤအချင်းအရာကို Lan Li​တွေးမိလိုက်​ပြီး သူမပါ သက်​ပြင်းချမိသည်​။ သူမတစ်​ခုခုကြံမှ ဖြစ်​​တော့မည်​။ အကယ်​၍များ Qin ဂိုဏ်းချုပ်​ဖြစ်​သူ သူမ၏မိခင်​သာဒီအချိန်​​ရောက်​လာလျှင်​ အ​ခြေအ​နေ​တွေက အ​ကောင်းမရှိ ဒီ့ထက်​ပိုဆိုးရန်​သာရှိသည်​။ သူမသက်​ပြင်းတစ်​ချက်​ချလိုက်​ပြီး ရို​သေစွာ​ ​ပြောလိုက်​တယ်​။

"Huan သခင်​ကြီး......." သူမစကားမဆုံးခင်​မှာပဲ Huan Wan Long ကသူမကို လက်​ညှိုးထိုးပြီး ​ပြောလိုက်​တယ်​။

"မင်း ပါးစပ်​ပိတ်​ထားစမ်း။ အဲ့တာမင်းတို့မိန်းမ​တွေ​ကြောင့်​ဖြစ်....."

"ဖြန်း....."

သူ​ဒေါသတကြီးနဲ့ ထ​အော်​လိုက်​​ပေမဲ့ သူ့စကားမဆုံးခင်​မှာပဲ သူ့ရဲ့ပါးပြင်​​ပေါ် ပြင်းထန်​တဲ့ ရိုက်​ချက်​​ကြောင့်​ထွက်​​ပေါ်လာတဲ့ အသံက တိတ်​ဆိတ်​​နေတဲ့ ခန်းမ​ဆောင်​တစ်​ခုလုံးကို ပျံ့ နှံ့ သွားတယ်​။

ရိုက်​သူမှာတခြားသူမဟုတ်​..... Huan သခင်​ကြီး ကိုယ်​တိုင်​ပင်​။ Huan သခင်​ကြီးရဲ့ မျက်​နှာကလုံးဝမဲ​မှောင်​​နေပြီး ​ဒေါသ​ကြောင့်​အသား​တွေလည်း တဆက်​ဆက်​တုန်​ပြီး မျက်​နှာတစ်​ခုလုံးကလည်း ခရမ်းချဉ်​သီးကြီးလိုနီရဲ​နေတယ်​။ သူ့ကိုကြည့်​ရတာ ပြင်းပြင်းထန်​ထန်​ထ​ပေါက်​​တော့မယ့်​ လက်​ပစ်​ဗုံးတစ်​လုံးလိုပဲ။

"ခမည်း​တော်​.....ကျွန်​​တော့်​ကို ရိုက်​တယ်​......မိန်းမတစ်​​ယောက်​အ......"

နောက်ဘဝရှိခဲ့သော် (Zawgyi+Uni)Onde histórias criam vida. Descubra agora