" ဟွန်းငယ်ရေ.......မနက်စာ စားဖို့
နောက်ကျတော့မယ်လေ......... "" လာပါပြီကိုကြီးရဲ့........ "
ခပ်သေးသေးအော်သံလေးနှင့်အတူ
လှေကားဆီမှတစ်ထစ်ချင်းဆင်းလာတဲ့
ပုံရိပ်ငယ်............ထိုပုံရိပ်လေးကိုလှေကားရင်းမှပြုံးကြည့်ကာ
စောင့်နေတဲ့တစ်စုံတစ်ဦး........" ကိုကြီးမနက်ကသေချာနိုးခဲ့ရက်နဲ့.......
ပြန်အိပ်နေပြန်တာမလား အိပ်ပုတ်လေး..... "နှာခေါင်းထိပ်ကိုခပ်ဖွဖွညှစ်လို့အသည်း
တယားယားပြောမိတော့မျက်စောင်းကလေး
ဒိုင်းခနဲရောက်လာတော့သည်။" ကိုကြီးကလည်း........ထမယ်ဆိုပြီး
ခဏလေးပြန်မှေးလိုက်တာတကယ်ကြီး
အိပ်ပျော်သွားတာကို........ "စူပုပ်ပုပ်လေးနဲ့ပြောလာတဲ့ရုပ်လေးကို
ရီဖန်မြတ်နိုးလို့မဝပေ။သူဘယ်လောက်တောင်မြတ်နိုးခဲ့ရသည်ကို
သူသာအသိဆုံးဖြစ်သည်။ရီဖန်သည် Wu group ၏တစ်ဦးတည်းသော
သားဖြစ်ပြီး ဆယ်ဟွန်းကတော့သူတို့အိမ်က
ဒရိုက်ဘာဦးလေး၏သားဖြစ်သည်။သူ့မျက်စိရှေ့တွင်အရွယ်ရောက်လာသော
ထိုကလေးငယ်ကိုသူကပင်ပထမဆုံး
မရိုးမသားစိတ်ဝင်လို့အရိပ်တကြည့်ကြည့်
နှင့်ချစ်ခဲ့ရခြင်းဖြစ်သည်။သူကချစ်သော......သူ့ကိုချစ်သောမားမားက
လောကကြီးထဲကထွက်ခွာသွားချိန်မျက်ရည်
များနှင့်လဲပြိုနေခဲ့သောသူ့ကို၁၃နှစ်အရွယ်
ကောင်လေးတစ်ယောက်ကပြုံးအောင်
လုပ်နိုင်စွမ်းရှိသည်။ကိုကြီးကိုမို့လို့ကျွေးတာနော်ဆိုပြီးအိတ်ကပ်
ထဲအတင်းထည့်ပေးခဲ့တဲ့ချောကလက်လေး
တစ်ခုကြောင့်ဘာရယ်မဟုတ်ပြုံးခဲ့ရသည်။နောက်မှသိရသည်ကအိမ်တွင်လုပ်သော
ကားဒရိုက်ဘာဦးလေးရဲ့သားမှန်းသိခဲ့ရသည်။အဖေတစ်ခုသားတစ်ခုမို့အိမ်တော်တွင်သာ
အတူနေသည်မို့ခဏလေးအတွင်းရင်းနှီး
သွားရသည်။ကျောင်းတက်ရန်နိုင်ငံခြားသို့ပြန်သွားရသည့်
တိုင်ထိုကောင်လေး၏အပြုံးလေးတွေကိုသာ
တမ်းတခဲ့ရသည်မို့ကိုရီးယားကိုအပြီးပြန်လာ
ခဲ့ရတော့သည်။
YOU ARE READING
Love Affair [ ChanHun OTP ] Mini Story
Fanfictionအချစ်နဲ့သံယောဇဉ်အကြားအားပြိုင်မှုမှာ လွတ်ထွက်သွားတဲ့စွန်လေးတစ်ခုဟာ လေနှင်ရာလွင့်မျောနေခဲ့ပါသည်...... အခစြျနဲ့သံယောဇဉျအကွားအားပွိုငျမှုမှာ လှတျထှကျသှားတဲ့စှနျလေးတဈခုဟာ လနှေငျရာလှငျ့မြောနခေဲ့ပါသညျ....... Chanyeol × Yifan × Seh...