Love Affair - 5

652 55 25
                                    

" အစ်ကိုလေးအခုတစ်လောမျက်နှာသိပ်
မလန်းသလိုဘဲ......နေမကောင်းလို့လား "

ဒီရက်ပိုင်းဘာကိုအလိုမကျဖြစ်နေသည်မှန်း
မသိသောဆယ်ဟွန်းတစ်ယောက်မျက်နှာ
မကောင်းသည်မို့ဂျွန်ကဂရုတစိုက်မေးရှာသည်။

ဆယ်ဟွန်းလည်းသူကိုယ်တိုင်တောင်ဘာဖြစ်
လို့ဖြစ်နေသည်မှန်းမသိသည်မို့ဘာစကားမှ
မပြောမိပေ။

" နေကတော့ကောင်းပါတယ်။ စိတ်ထဲမှာပဲ
နည်းနည်းတစ်မျိုးဖြစ်နေလို့...... "

" ကြည့်ရတာအစ်ကိုလေး ဆရာ့ကို
လွမ်းနေတာဖြစ်ရမယ်...... "

ပြောနေရင်းမှဂျွန်သည်သဘောတကျနှင့်ရယ်သည်။

ဆယ်ဟွန်းလည်းစိတ်မပါဘဲလိုက်ရယ်မိသည်။

ဟုတ်ပါရဲ့။ ကိုကြီးတောင်ဆိုးလ်ကပြန်လာရမယ့်
ရက်ကိုအတော်ကျော်နေပြီပဲ။

အလုပ်တွေအတော်ရှုပ်နေပုံရတယ်။

လွမ်းတော့လွမ်းနေသည်။ ဒါပေမဲ့......
ကိုကြီးကိုတော့မဟုတ်ကြောင်းပြောပြဖို့
သူ့မှာသတ္တိမရှိပေ။

" အချစ်ဆိုတာဘာလဲ ဂျွန်သိလား..... "

" ကျွန်တော့်လိုလူပျိုသိုးကြီးကဘာသိမှာလဲ
အစ်ကိုလေးရယ်......ရုပ်ရှင်တွေထဲမှာမြင်ဖူးတာတော့အချစ်ဆိုတာတစ်ယောက်ယောက်ကိုအချိန်ပြည့်လွမ်းဆွတ်နေပြီးသူ့အကြောင်းပဲအချိန်ပြည့်တွေးနေမိတာမျိုးနေမှာပေါ့ အစ်ကိုလေးရဲ့....... "

" တစ်ယောက်ယောက်ကိုလွမ်းနေပြီးအဲ့လူကိုပဲ
တွေးနေမိတာအချစ်........ "

ဆယ်ဟွန်းရဲ့စကားသံခပ်တိုးတိုးကိုကားမောင်း
နေတဲ့ဂျွန်ကတော့သူ့အာရုံနဲ့သူမို့မကြားလိုက်ပေ။

နှစ်ရှည်လများအစ်ကိုလေးတစ်ယောက်ထဲကို
အရိပ်တကြည့်ကြည့်နှင့်ချစ်လာခဲ့ရသည့်သူ့
ဆရာအတွက်ကံတရားကမျက်နှာသာပေးပြီလို့
သူ့အတွေးနဲ့သူပျော်နေတော့သည်။

ဘယ်ဘက်ပါးပြင်ပေါ်စီးကျလာတဲ့မျက်ရည်ကို
ဆယ်ဟွန်းလက်ဖြင့်ခပ်ဖွဖွသုတ်လိုက်မိသည်။

အခုသူကတစ်စုံတစ်ယောက်ကိုလွမ်းဆွတ်ရင်း
မျက်ရည်ကျနေမိသည်တဲ့လား။

Love Affair [ ChanHun OTP ] Mini StoryWhere stories live. Discover now