Love Affair 2

830 97 1
                                    

" အယ်......စီနီယာချန်းယောလ်........
အတန်းပြီးသွားပြီလား........ "

ဆယ်ဟွန်းအတန်းပြီးလို့ထွက်လာသည်တွင်
အတန်းရှေ့တွေ့လိုက်ရသောစီနီယာကြောင့်
အံ့အားသင့်သွားရသည်။

" ဟုတ်တယ်......ကိုယ်ကဒီနေ့အတန်း
အစောကြီးပြီးနေတာလေ........ "

အတန်းပင်မတက်ဖြစ်ပါဘဲတစ်နေ့လုံး
ငေးမောနေခဲ့သည်ကိုတော့ချန်းယောလ်
မပြောပြမိတော့ပေ။

" အော်......ဒါနဲ့ဆယ်ဟွန်းကအဆောင်
နေ နေတာလား......... "

လမ်းအတူလျှောက်နေရင်းမှချန်းယောလ်
သိချင်စိတ်ဖြင့်မေးကြည့်မိသည်။

" ဟင့်အင်း......ဟွန်းကကိုကြီးနဲ့အတူ
နေတာ.......အခုကိုကြီးကဆိုးလ်ကိုခဏ
ပြန်သွားလို့.......အာ......ခဏနော်....... "

စကားပြောနေရင်းမှဖုန်းဝင်လာသည်မို့
ဆယ်ဟွန်းဖုန်းကိုအမြန်ကိုင်မိသည်။

ကိုကြီးဆီကမို့အလုပ်အားတဲ့အချိန်လေး
ဆက်သည်ဖြစ်မည်ထင်၍ဖြစ်သည်။

" ဟဲလို.......ကိုကြီးအလုပ်အားပြီလား...... "

" ............ "

" အင်း......အခုပဲပြီးတာကိုကြီးရဲ့.........
ဂျွန်ကတော့လာမကြိုသေးဘူး....... "

မျက်လုံးလေးမှိတ်သည်အထိပြုံးရယ်လို့
ဖုန်းပြောနေတဲ့ကောင်လေးကိုကြည့်ရင်း
ချန်းယောလ်ရင်ခုန်နှုန်းတို့တရိပ်ရိပ်တိုးရသည်။

ဘယ်လိုကြောင့်များယောက်ျားလေး
တစ်ယောက်ကထိုမျှလောက်တောင်
လှရက်နိုင်တာတဲ့လဲ။

" အင်း....အင်း.......ကိုကြီးလည်းဂရုစိုက်ပြီး
ညစာကိုသေချာစားနော်..........ဟုတ်.......
ဟုတ်.........ညကျမှအားရင်ဖုန်းဆက်နော် "

ဖုန်းချသွားပြီးသည့်တိုင်ဆယ်ဟွန်းဖုန်းကို
ကြည့်ရင်းပြုံးနေမိသည်။

ကိုကြီးကဆယ်ဟွန်းကိုအတော်ဂရုစိုက်ပြီး
အတော်ချစ်ရှာသည်။

ထို့ကြောင့်လည်းကိုကြီးလက်ထပ်ခွင့်တောင်း
တုန်းကဆယ်ဟွန်းမငြင်းရက်ခဲ့တာ........

သူငြင်းလိုက်လို့ကိုကြီးစိတ်ထိခိုက်ရမှာကို
ဆယ်ဟွန်းတကယ်ကိုမလိုလားခဲ့ပေ။

Love Affair [ ChanHun OTP ] Mini StoryWhere stories live. Discover now