Love Affair 4

660 68 11
                                    

" ဟွန်းငယ်.......ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ "

ရုတ်တရက် ဆိုးလ်ကိုလိုက်လာတဲ့ဟွန်းငယ်ကြောင့်
ရီဖန့်မှာအံ့သြတကြီးနှင့်ကိုဖြစ်သည်။

" ကိုကြီးကလည်း....ဟွန်းငယ်ကိုတွေ့တာနဲ့ဆူတာပဲ.... "

ဆူပုတ်ပုတ်ရုပ်ကလေးဖြစ်သွားသည့်မျက်နှာလေးကြောင့်
ရီဖန့်မှာစိတ်ဆိုးရအခက်ဒေါသထွက်ရအခက်.....

" ဆူတာမဟုတ်ပါဘူး ဟွန်းငယ်ရဲ့.......
ကိုကြီးကဟွန်းငယ်ရဲ့ကျောင်းကိစ္စကို
တွေးမိသွားလို့ပါ....... "

" ကျောင်းကနေ့တိုင်းတက်နေရတာပဲကို.....
ဟွန်းငယ်တစ်ယောက်တည်းမနေချင်လို့.....
ပြီးတော့......ကိုကြီးကိုလွမ်းလို့........ "

ရင်ခွင်ထဲတိုးဝင်လာတဲ့ခွေးပေါက်လေးက
ဒီလူကိုဘယ်လောက်ထိရူးသွပ်စေချင်တယ်မသိ။

" ဒါလေးတွေနဲ့ပဲချွဲပါ.....ကဲ......ဂျွန်.....မင်းကို
ထားခဲ့တယ်ဆိုတာဟွန်းငယ်အခုလိုစိတ်ထဲ
ရှိတဲ့အတိုင်းလိုက်လုပ်မှာကိုထိန်းဖို့လေ.......
အခုတော့မင်းကပါကြံရာပါလား....... "

" မဟုတ်ပါဘူးဆရာရယ်......အစ်ကိုလေး
အကြောင်းလည်းသိရဲ့သားနဲ့......လုပ်ချင်တာကို
မလုပ်ရရင်ကျွန်တော်ပဲခေါင်းကြိမ်းရတာ......
အခုလည်းဆရာ့ဆီကခွင့်တောင်းရင်ထမင်း
မစားဘဲ၁ပတ်လောက်နေပစ်မယ်ဆိုလို့အတင်း
ချော့မော့လာခဲ့ရတာ ဆရာရေ....... "

တပည့်ဖြစ်သူရဲ့ခပ်ပြုံးပြုံးပြောလာတဲ့
စကားကြောင့်ရီဖန်သဘောတကျပြုံးမိသည်။

အဆိုးလေးကတော့မျက်စောင်းတကဲကဲနဲ့ပေါ့။

ဂျစ်တူးလေးရဲ့ဂျစ်တိုက်ပုံကို
သူအသိဆုံးမဟုတ်လား။

အလယ်တန်းပထမနှစ်ကသူငယ်ချင်းတွေနဲ့
ဂျယ်ဂျူကျွန်းအပျော်ခရီးစဥ်ကိုဦးလေးက
ခွင့်မပြုလို့တစ်ပတ်တိတိအစာအငတ်ခံရင်း
မူးလဲပြီးဆေးရုံတက်ရလို့ရီဖန်ချက်ချင်းကို
ဆိုးလ်ပြန်လာခဲ့ရသေးတာ.......

တကယ်ကိုမနိုင်စိန်လေး......

" ကဲ.....ထားပါတော့.......ဟွန်းငယ်ပင်ပန်း
နေရောပေါ့.....လေယာဥ်အကြာကြီးစီးလာခဲ့
ရတာ.....လာ.....အိမ်ထဲဝင်ကြရအောင်.....
ဟွန်းငယ်ရေချိုးနေတုန်းကိုကြီးကဟွန်းငယ်
အတွက်အထူးဟင်းတွေချက်ကျွေးမယ်...... "

Love Affair [ ChanHun OTP ] Mini StoryWhere stories live. Discover now