Love Affair 3

786 70 18
                                    

" ကိုကြီး....... "

ရီဖန်ကားပေါ်ကဆင်းလာသည်နှင့်ရင်ခွင်ထဲ
တန်းခနဲပြေးဝင်လာတဲ့ဟွန်းငယ်........

ဒီကလေးငယ်ကိုသူဘယ်လောက်တောင်
လွမ်းနေရတာမို့လဲ။

အသံလေးကြားရရုံနှင့်ပင်အချိန်အကြာကြီး
လွမ်းခဲ့ရသည်တို့ပျောက်ရှရသည်။

" ခဏဆိုပြီးသွားလိုက်တာ ၁လတောင်
ကြာသွားရော......ကိုကြီးကိုလွမ်းနေတာ..... "

ကလေးငယ်ဟာသူ့ထံပါးခစားပြီးသား
နှလုံးသားကိုစကားလုံးများနှင့်ခြွေယူပြန်သည်။

ရင်ခွင်ထဲတိုးဝင်လာတဲ့အဆိုးလေးကို
ရီဖန်တင်းကြပ်စွာဖက်တွယ်ထားမိသည်။

" ပါးပါးရော.....နေကောင်းရဲ့လား။ ဟွန်းနဲ့
ဖုန်းပြောရင်တော့အမြဲနေကောင်းတယ်ပဲ
ပြောနေတာ......တကယ်ကိုစိတ်မချဘူး..... "

အိမ်ထဲဝင်သည့်လမ်းတစ်လျှောက်လုံး
သူ့ပါးပါးအကြောင်းကိုသာစိုးရိမ်စွာ
တဖွဖွမေးနေပြန်သည်။

နှုတ်ခမ်းလေးဆူသွားလိုက်.......
မျက်မှောင်လေးကျုံ့သွားလိုက်နှင့်ဟွန်းငယ်ရဲ့
ချစ်စရာအမူအရာလေးကိုရီဖန်ကတော့
ကြည့်မဝနိုင်ဖြစ်နေရတော့သည်။

" ဟွန်းငယ်ရဲ့ပါးပါးကနေလည်းကောင်းတယ်......
ပုံမှန်ဆေးစစ်ချက်တွေလည်းအကုန်လုံးနီးပါး
ရလဒ်ကောင်းပြီးအဆင်ပြေတယ်........တခုဘဲ.....
ဒီကိုလုံးဝခေါ်လို့မရဘူးဖြစ်နေတာ............
လေယာဥ်မစီးရဲလို့ပါတဲ့လေ........ "

ဧည့်ခန်းမှာဝင်ထိုင်ရင်းအချစ်ကလေး
စိတ်မပူရန်အရင်ဖျောင်းဖျရသေးသည်။

" ပါးပါးကတကယ်ကိုပဲ........ "

" စိတ်မပူပါနဲ့ဟွန်းငယ်ရဲ့......ကိုကြီးက
ပါးပါးအတွက်အကောင်းဆုံးစီစဥ်ထားတယ်။
သူနာပြုကိုသေချာလေးအပ်ခဲ့တယ်........ "

" ဟွန်းငယ်ကအရမ်းလွမ်းနေတာကို...... "

ငိုသံလေးစွက်လို့ရင်ခွင်ထဲတိုးဝင်လာသူလေး
ကိုတင်းကြပ်စွာဖက်ထားလိုက်သည်။

" ဟွန်းငယ် ဒီတခေါက်ကျောင်းပိတ်ရင်
ခဏပြန်လို့ရအောင်ကိုကြီးကစီစဥ်ပြီးပြီ။ "

Love Affair [ ChanHun OTP ] Mini StoryWhere stories live. Discover now