Love Affair 1

1.9K 145 17
                                    

" ဟွန်းငယ်ရေ.......မနက်စာ စားဖို့
နောက်ကျတော့မယ်လေ......... "

" လာပါပြီကိုကြီးရဲ့........ "

ခပ်သေးသေးအော်သံလေးနှင့်အတူ
လှေကားဆီမှတစ်ထစ်ချင်းဆင်းလာတဲ့
ပုံရိပ်ငယ်............

ထိုပုံရိပ်လေးကိုလှေကားရင်းမှပြုံးကြည့်ကာ
​စောင့်နေတဲ့တစ်စုံတစ်ဦး........

" ကိုကြီးမနက်ကသေချာနိုးခဲ့ရက်နဲ့.......
ပြန်အိပ်နေပြန်တာမလား အိပ်ပုတ်လေး..... "

နှာခေါင်းထိပ်ကိုခပ်ဖွဖွညှစ်လို့အသည်း
တယားယားပြောမိတော့မျက်စောင်းကလေး
ဒိုင်းခနဲရောက်လာတော့သည်။

" ကိုကြီးကလည်း........ထမယ်ဆိုပြီး
ခဏလေးပြန်မှေးလိုက်တာတကယ်ကြီး
အိပ်ပျော်သွားတာကို........ "

စူပုပ်ပုပ်လေးနဲ့ပြောလာတဲ့ရုပ်လေးကို
ရီဖန်မြတ်နိုးလို့မဝပေ။

သူဘယ်လောက်တောင်မြတ်နိုးခဲ့ရသည်ကို
သူသာအသိဆုံးဖြစ်သည်။

ရီဖန်သည် Wu group ၏တစ်ဦးတည်းသော
သားဖြစ်ပြီး ဆယ်ဟွန်းကတော့သူတို့အိမ်က
ဒရိုက်ဘာဦးလေး၏သားဖြစ်သည်။

သူ့မျက်စိရှေ့တွင်အရွယ်ရောက်လာသော
ထိုကလေးငယ်ကိုသူကပင်ပထမဆုံး
မရိုးမသားစိတ်ဝင်လို့အရိပ်တကြည့်ကြည့်
နှင့်ချစ်ခဲ့ရခြင်းဖြစ်သည်။

သူကချစ်သော......သူ့ကိုချစ်သောမားမားက
လောကကြီးထဲကထွက်ခွာသွားချိန်မျက်ရည်
များနှင့်လဲပြိုနေခဲ့သောသူ့ကို၁၃နှစ်အရွယ်
ကောင်လေးတစ်ယောက်ကပြုံးအောင်
လုပ်နိုင်စွမ်းရှိသည်။

ကိုကြီးကိုမို့လို့ကျွေးတာနော်ဆိုပြီးအိတ်ကပ်
ထဲအတင်းထည့်ပေးခဲ့တဲ့ချောကလက်လေး
တစ်ခုကြောင့်ဘာရယ်မဟုတ်ပြုံးခဲ့ရသည်။

နောက်မှသိရသည်ကအိမ်တွင်လုပ်သော
ကားဒရိုက်ဘာဦးလေးရဲ့သားမှန်းသိခဲ့ရသည်။

အဖေတစ်ခုသားတစ်ခုမို့အိမ်တော်တွင်သာ
အတူနေသည်မို့ခဏလေးအတွင်းရင်းနှီး
သွားရသည်။

ကျောင်းတက်ရန်နိုင်ငံခြားသို့ပြန်သွားရသည့်
တိုင်ထိုကောင်လေး၏အပြုံးလေးတွေကိုသာ
တမ်းတခဲ့ရသည်မို့ကိုရီးယားကိုအပြီးပြန်လာ
ခဲ့ရတော့သည်။

Love Affair [ ChanHun OTP ] Mini StoryWhere stories live. Discover now