Part-1 🖤

4K 123 8
                                    

Seoul မြို့ high way လမ်းမကြီး တခုပေါ်တွင်....

"Yebo ရယ်...မိုးတွေ ဘာလို့ အဲ့လောက် သဲကြီးမဲကြီး
ရွာနေရတာလဲ????
ကျမ ကားမောင်းလေ့ကျင့်တဲ့ နေ့ကျမှ..ဖြစ်ရတယ်''

"မိန်းမကလည်း မိုးက ခါတိုင်း ရွာနေတာပဲ ဥစ္စာ...
မင်းပဲ ခုနက ရတယ်ဆိုပြီး မောင်းထွက်လာတာ
မဟုတ်လား???''

"အင်းပါ...ကျမ အမှားတွေပါ...
ဘာပဲဖြစ်ဖြစ် ရှင် အလုပ်ကိစ္စတွေနဲ့ ဝန်ပိပြီး မအားလို့
ကားတွေမမောင်းနိုင်တဲ့ အချိန်ကျရင် ကျမ သမီးလေးကို
ကျမကိုယ်တိုင်အားကစားကွင်းတို့ shopping တို့
လျှောက်ပို့ချင်တယ်''

"ကဲပါ.....အရှေ့ကိုသာ ကြည့်မောင်းပါ...မိုးတွေ
အရမ်းရွာနေတယ်..''

Jin omma က Jin appa ကို ပြောပြီး ကားမောင်း
နေလိုက်သည်။

သို့ပေမယ့် သူတို့အတွက် ကံကြမ္မာဆိုးကြီး က ရက်စက်မှု
ခွဲခွာမှုကို ယူဆောင်လာခဲ့ပေပြီ.....
အကွေ့တနေရာ အရောက် မထင်မှတ်ပဲ ရုတ်တရက်ဝင်လာတဲ့ Taxi ကားကြောင့် Jin omma
ရုတ်တရက် ဟွန်းတီးပြီး ရှောင်လိုက်သည်။

"ဟင်....အရှေ့မှာ ကား..ကားတစ်စီး....''

သို့သော် ရှောင်လိုက်ပေမယ့် အရှိန်မထိန်းနိုင်ပဲ
ဝင်တိုက်မိသည်။

"အား!!!!!!!!ယောက်ျားရေ!!!!!''

"မိန်းမ!!!!!

"တီ.....တီ.......တီ''

"ဒုန်း.......ခလွမ်း!!!!!!!!!!"💥💥💥💥💥

အရှိန်ကြောင့် Jin omma ကားတိုက်ရာမှ ကွဲကျလာတဲ့မှန်စလေး တွေနဲ့မေ့လဲသွားသည်။

ဟို ဘက်က Taxi သမားလည်း ကားတိုက် မှုအရှိန်နဲ့အတူမေ့လဲသွားသည်။

မကြာခင် jin appa သတိ ရလာပြီး ဘေးကို ကြည့်
လိုက်တော့ သူ့မိန်းမ က မှန်စတွေနဲ့ သွေးတွေ ခေါင်းရော
မျက်နှာ မှာရော ယိုစီးနေတာ တွေ့လိုက်သည်။

သူလည်း ဒဏ်ရာတွေနဲ့မို့ သွေးတွေထွက်နေပေမယ့်
သူ့မိန်းမလောက် မပြင်းထန်ပါ။

"ဟင်!!!!!!Yebo!!!!Yebo!!!!သတိလေးထားပါဦးကွာ''

"ရှင်....ရှင်.....ကျ....ကျမတို့... သမီး..သမီး...လေးကို
ကျမ...ကျ..မ..အစား...သေချာ စောင့်ရှောက်..ပေး
..ပေးလိုက်..ပါ..နော်!ကျမ..မ..မရတော့ဘူး''

My Popstar Celebrity Girlfriend❤️‍🔥🌠(ကျတော်ချစ်သူကမ္ဘာကျော် ပေါ့စတားလေး)Where stories live. Discover now