Part-14(He's so heartless🖤🖤)

894 84 13
                                    

"ဟင့်အင်း!ခဏနေပါဦး!!!ကျမက ရှင်ဝယ်ချင်တိုင်းဝယ်လို့ရအောင် ခင်းရောင်းထားတဲ့ပစ္စည်းတခု မဟုတ်ဘူး"

"နေစမ်းပါ!!မင်းက ကစားစရာ ပစ္စည်း မဟုတ်ဘူးဆိုရင်
ဘာလို့ ဒီလိုတွေ ဝတ်စားထားတာလဲ?ပြီးတော့
ဘာလို့ မနေ့ညက ငါနဲ့ဘာလို့!!"

"ဖြန်း!!!!"

Tae Tae က Jk မျက်နှာအား လက်ဖဝါးဖြင့် ဖြန်းခနဲရိုက်ချလိုက်သည်။

"ရှင်!!!ရှင် ကျမကိုစော်ကားလှချည်လား?ရှင့်ကိုယ်ရှင်
ဘာထင်နေတာလဲ??"

"မင်း!!!မင်းက ငါ့ရဲ့ မျက်နှာကိုများထိရဲတယ်ပေါ့...
မင်းလို အပေါစားမိန်းမကများ!"

JK အော်လိုက်တော့ Club တခုလုံးရဲ့ လူအကြည့်တွေက သူတို့နှစ်ယောက်ဆီရောက်သွားတော့သည်။

Tae Tae တယောက် စားပွဲပေါ်က ဝိုင်ခွက် တခွက်ယူပြီး
Jk ရဲ့ မျက်နှာတည့်တည့်ကို ပက်လိုက်သည်။

"ကိုယ့်ကိုယ်ကို မှန်ထဲပြန်ကြည့်ဦး!သေချာကြည့်ပြီးမှ
သူများအပေါ် အောက်တန်းစားလို့ ပြောခဲ့မိတာကို ပြန်ဝေဖန်ဦး!"

"ကျစ်!!!မင်း!!!မင်းလို မိန်းမကများ!!!မင်းက ငါ့ကိုဘာထင်နေတာလဲ???"

"ကျမ....ကျမ ဒီလူနဲ့ မလိုက်ချင်ဘူး!ပြီးတော့ ကျမ ကို
ဘာအလုပ်ခိုင်းခိုင်းရတယ်!ကျမ သူနဲ့တော့ မလိုက်ပါရစေနဲ့"

"မရဘူး!!မင်း..ငါနဲ့ မနေ့ညက ကိစ္စတွေ ရှင်းရဦးမယ်!
မင်းငါနဲ့လိုက်ရမယ်!ဒီမှာ..သူ့ကို ဝယ်ရင်ဘလောက်ပေးရမလဲ?"

Counter အမကြီးက Jk တို့နှစ်ယောက်ရှေ့ကို အမြန်ရောက်လာပြီး

"Sorry ပါနော်.ပြီးတော့ စိတ်အေးအေးထားပါရှင်.ဟိုလေ..ဒီက ညီမလေးက ဝယ်ထားတဲ့လူရှိပြီးသားပါ.....
ဖြစ်နိုင်ရင် တခြား ညီမလေးတွေလည်း အများကြီးရှိပါတယ်နော်..အကုန်လုံးကလည်း အချောလေးတွေချည်းပါပဲ!"

ထိုအချိန် club ခန်းထဲမှ Tae Tae ကို လိုချင်တဲ့ အဘိုးကြီးတွေ အပြင်သို့ ထွက်လာကြသည်။

"Yah!!!မင်းက ဘာမို့လို့ ငါ့ အချောလေးကို ထိရဲတာလဲ?"

JJK ထို အဘိုးကြီးကို တချက် ပြုံးပြလိုက်ပြီး

My Popstar Celebrity Girlfriend❤️‍🔥🌠(ကျတော်ချစ်သူကမ္ဘာကျော် ပေါ့စတားလေး)Where stories live. Discover now