Part-12{Gently Hurt}💔💔🖤

848 79 23
                                    

Jk တျောက် ညစာစားပြီး အခန်းထဲသို့ company စာရင်းများလုပ်မည်ဟုဆိုကာ တန်းခနဲ ဝင်သွားရုံပဲရှိသေး...

"Ah!!!!!!သွားပါပြီ!!!omma ရေ!!"

ဟိုးဘက်အခန်းက အာပြဲကြီး အော်လိုက်သော Jin အသံ ကြောင့် ခြေလှမ်းများ ဖြတ်ခနဲဆိုသလို ရပ်သွားတော့သည်။

သူမအော်သံက အတော်ကျယ်သည်။ဒီဘက်အခန်းက အသံလုံနေတာတောင်မှ သူမအသံကို ရှင်းရှင်းလင်းလင်းကြားရသည်။

JK တျောက် သူမအခန်းရှိရာသို့ ဦးတည်သွားလိုက်ပြီး
အခန်းတံခါးကို စိတ်မရှည်စွာခေါက်လိုက်သည်။

"Noona!!!ဘာဖြစ်တာလဲ???Noona!!"

ပြန်ထူးသံလည်း မကြားရ...ပိုဆိုးတာက
အခန်းကလည်း lock ချထားသည်မို့ jk အတော်ပင်စိုးရိမ်လာသည်။

Jk တျောက်ရှိသမျှ အားအင်တွေသုံးကာ တံခါးကို အုန်းခနဲတွန်းဖွင့်လိုက်တော့မှ တံခါးကပွင့်သွားသည်။

"ဟင်!!Jk !!ဘာလို့ အခန်းထဲဝင်လာတာလဲ??"

"မသိဘူးလေ!!Noona အသံကြားလို့ လန့်ပြီး ဝင်လာကြည့်တာ!noona ဘာဖြစ်တာလဲ"

Jinnie တျောက် ရေချိုးပြီးခါစ bath robe လေးကို
မလုံမခြုံ ဝတ်ထားတာကို တွေ့လိုက်ရသည်။

လျှော်ပြီးခါစ ဆံပင်လေးက ပခုံးပြင်နဲ့ ကျောလယ်မှာ
ဖြောင့်စင်း ရှည်လျားစွာ နေရာယူထားသည်။

တကယ်ပဲ...noona က အခုတော့ သူ့အတွက် sexy ကျနေသလိုလို..စိုစိုရွှဲရွှဲလေးနဲ့ လှပနေတဲ့ အလှတရားဟာ
သူ့စိတ်ကို သူမထိန်းနိုင်အောင် ဖြစ်သွားရသည်အထိ
ဆွဲဆောင်မှုပြင်းလွန်းနေသည်။
bath robe ရဲ့အောက်က ခြေထောက်ဖြူဖြူသွယ်သွယ်လေးတွေ ဟာ သူ့ကို အသက်ရှူရပ်သွားသည်အထိ
ဖြစ်စေခဲ့သည်။
သူငယ်ငယ်ကတည်း တိတ်တဆိတ် ခိုးခိုးကြည့်ခဲ့ရသည့်
noona ရဲ့မျက်နှာလှလှလေးက အခုဆိုရင် ဘယ်မိန်းကလေးမှ မယှဉ်နိုင်အောင် ကော်ရုပ်လေးလို လှပနေခဲ့သည်။

သူဝင်လာတော့ သူ့ကို အကြောင်သားနှင့် မျက်လုံးဝိုင်းဝိုင်းလေးနှင့်ကြည့်နေသော noona ကိုအသဲတွေယားလာသည်။ဖြူနေသော မျက်နှာမှာ ရုတ်တရက် စတော်ဘယ်ရီသီးလေးတွေလို ပန်းနုရောင်သမ်းလာသည်။

My Popstar Celebrity Girlfriend❤️‍🔥🌠(ကျတော်ချစ်သူကမ္ဘာကျော် ပေါ့စတားလေး)Where stories live. Discover now