Part-17(He follows me?)

921 64 9
                                    

မနက်ခင်းမှ အလွန်ကျယ်လောင် သောအသံနှင့်အတူ JJK အိပ်ယာမှ လန့်ကာ နိုးထလာသည်။

~~ဘာ အသံလဲ????တခုခုတော့ တခုခုပဲ~~

JJk တခု စဉ်းစားမိသွားကာဘေးဘီကိုလှမ်းကြည့်လိုက်တော့ Tae Taeသူ့ဘေးမှာ မရှိတော့ပြီ...

JJk လန့်ဖျက်ပြီး အိပ်ယာမှအလူးအလှိမ့်ထကာ
အခန်းတံခါးဖွင့်ပြီး မီးဖိုချောင်ဘက် ကို ကမန်းကတန်း လှည့်ကြည့်လိုက်သည်။

မြင်တွေ့ရသော မြင်ကွင်းကြောင့် JJK အရမ်းဒေါသထွက်သွားစေခဲ့သည်။

ထမင်းပန်းကန်နှင့် ဟင်းချက်လက်စ ဒယ်အိုး သည် ကြမ်းပြင်ပေါ်တွင်မှောက်လျက်သား.....
ဟင်းတွေကလည်း နေရာအနှံ့ပြန့်ကျဲလျက်....
မြင်စရာ မကောင်းအောင်ဖြစ်နေခဲ့သည်။

သို့သော် ထို မြင်ကွင်းကိုမှ ဂရုမစိုက်ဘဲ ဟင်းချက်
အစေခံ အဒေါ်ကြီးကို ဆံပင်ဆွဲ ပါးရိုက်နေသော
Kim Tae Tae!

ထိုမြင်ကွင်းကိုမြင်ပြီး JJk ရဲ့ ဒေါသငယ်ထိပ်ဆောင့်တက်သွားသည်။

"Yah!!!!!မင်း ဒါဘာလုပ်နေတာလဲ Kim Tae Tae!!အဒေါ်ကြီးကို ခုချက်ချင်းလွှတ်လိုက်!"

"ဟင်!!ကျမ သူ့ကို တမင်လုပ်တာ မဟုတ်ဘူး...
သူက...!

JJK က Tae Tae ကို ဆောင့်ဆွဲပြီး အဒေါ်ကြီးကို
အမြန်ဆုံး ဆွဲထူလိုက်သည်။

Tae Tae ကတော့ JJK တွန်းလိုက်သောအားကြောင့် ခုံ နှင့် ဆောင့် မိကာ ငြိမ်ကျသွားသည်။

"အ!!!အား!"

"အဒေါ်ကြီး အဆင်ပြေရဲ့လား?ဘာဖြစ်သွားသေးလဲ??"

''ဘာမှမဖြစ်ပါဘူး သားရယ်!အဒေါ်ကြီးက အဆင်ပြေပါတယ်!"

JJK က ဒေါသ မျက်လုံးတွေနဲ့ Tae Tae ကို လှည့်ကြည့်လိုက်တယ်....

"မင်း!!မင်း လူကြီး ကို ဘယ်လို ဆက်ဆံနေတာလဲ Kim Tae Tae!!"

"ကျမ....ကျမ တမင်မလုပ်ပါဘူး...သူက ကျမ ချက်ထားတဲ့ ဟင်းတွေကို ယူမှောက်ပစ်တာ...
ပြီးတော့ ကျမ ကို ဆံပင်ဆောင့်ဆွဲထားသေးတယ်.."

"မင်း!!!မင်း ဘာတွေလိမ်ချင်သေးတာလဲ??
မင်း ခုနကပဲ အဒေါ်ကြီးရဲ့ ဆံပင်ကို ဆောင့်ဆွဲ
ခဲ့တာလေ ငါမြင်ရတယ်!

My Popstar Celebrity Girlfriend❤️‍🔥🌠(ကျတော်ချစ်သူကမ္ဘာကျော် ပေါ့စတားလေး)Where stories live. Discover now