ဒီလိုမျိုး အရမ်းလှပတဲ့ ပင်လယ်ပြာပြာကြီးကို Tae Tae ကြည့်ရင်း အတိတ်ကအဖြစ်အပျက်တွေ အနာတရတွေအကုန်လုံး ပျောက်သွားအောင် ပင်လယ်ရေနဲ့ ဆေးပစ်လို့ရခဲ့ရင် ဆေးကြာပစ်ချင်သည်။
ပင်လယ်ကမ်းစပ်ကနေ Jk တယောက် Tae Tae ကို မျက်ခြေမပျက်စိုက်ကြည့်နေခဲ့တာကို Tae Tae သိနေခဲ့သည်။
~~လေစိမ်းတွေကလည်းအေးလိုက်တာ~~
~~ဒါပေမယ့် Tae ရဲ့ အသားအရေ တွေပေါ် ဖြတ်သန်းနေတဲ့ လေစိမ်းတွေက ရှင့်လောက်
မအေးစက်ခဲ့ဘူး~~
~~မဟုတ်ဘူး..ရှင့်လောက်အေးစက်တယ်လို့မထင်ရဘူး JJk!~~"Kim Tae Tae!!အဲ့လောက်အနက်ကြီး လျှောက်မသွားနဲ့လေ"
Jk လှမ်းအော်ပြောမှ Tae Tae တယောက် အသိစိတ်တွေပြန်ဝင်လာကာ ရေပြင်ထဲ လျှောက်လှမ်းနေတဲ့ ခြေထောက်တွေကို ရပ်တန့်ပစ်လိုက်သည်။
JJK တယောက် ပင်လယ်လှိုင်းကို အလျင်အမြန်ဖြတ်ကျော်ကာ Tae ရှိရာကိုအမြန်ဆုံး ပြေးလာလိုက်ပြီး...
''Tae Tae ကိုယ်တို့ လက်ထပ်လိုက်ရင်ကောင်းမလား??"
Jk မေးလာသောစကားကြောင့် Tae Tae တယောက် အရမ်းအံ့သြသွားသည်။
''ကိုယ်မေးနေတာဖြေလေ!မင်း ဘာတွေစဉ်းစားနေတာလဲ!"
"ခုမှ ကျမတို့ လက်ထပ်ပွဲ ဖျက်သိမ်းပြီးသွားတာလေ..ကျမတို့ နောက်ထပ်လက်ထပ်ဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ?"
"ကိုယ့်မိဘတွေကိုအကြောင်းစုံပြန်ပြောပြပြီး
သဘောတူအောင်ပြောရမှာပဲ!""ကျမ ကျောင်းလည်းပြီးသေးတာမဟုတ်ဘူး နောက်ပြီးတော့ကျမ က Idol တယောက်ဖြစ်ချင်တာ...အဲ့ဒါက ကျမအိမ်မက်ပဲ..အခုလိုမျိုး ရှင့်ကိုလက်ထပ်လိုက်ပြီးကလေးမွေးရင်
ကျမ အိမ်မက်ကိုစွန့်ပစ်လိုက်တာနဲ့တူတူပဲ""အဲ့တော့ မင်းအိမ်မက်အတွက် ဒီကလေးကို
ဖျက်ချဖို့ မင်းစဉ်းစားနေတာလား?""အင်း!ကျမအဲ့လိုလုပ်ဖို့ စဉ်းစားထားတယ်..
ပြီးတော့ ကျမ လိုချင်လို့ ယူထားတဲ့ကိုယ်ဝန်မှမဟုတ်တာ!"JK ထိုစကားကိုကြားရပြီးနောက် Tae Tae ကို အရမ်းစိတ်တိုသွားသည်။
YOU ARE READING
My Popstar Celebrity Girlfriend❤️🔥🌠(ကျတော်ချစ်သူကမ္ဘာကျော် ပေါ့စတားလေး)
RomanceJinie>>>ငါနင့်ကို အရမ်းမုန်းတယ် Jeon Jung Kook!!! နင့် ကြောင့် ငါ့အမေ သေဆုံးသွားရတာ... ငါနင့်ကို လုံးဝ ချစ်နိုင်မှာ မဟုတ်သလို လုံးဝ ခွင့်မလွှတ်ပေးနိုင် ဘူး....... Jk>>>Noona ကို ကျတော် ချစ်မိတယ်...မဖြစ်...