A Swar Lay 😁

4.6K 411 26
                                    

( Zawgyi )

“ ကဲ…သည်းငယ်…. ထတော့လေ…
ညနေတောင်စောင်းတော့မယ်….
သားသားနဲ့မီးမီးတို့နဲ့ ဝက်သားသွားစားရအောင်….
ထပါတော့ ကလေးရယ်…..”

“ အင်း….”

ဟု အသံရှည်ဆွဲကာ ဟိုဘက်လှည့်အိပ်ရန်
လုပ်နေသည်ကြောင့်

“အရမ်းကြီးအိပ်ထားတော့ အိပ်ရေးတွေဝပြီး
 ညကျရင် ထပ်မအိပ်နိုင်ဘဲ နေဦးမယ်….
ထပါတော့ကွာ….”

ဟုနှိုးနေသည်ကို စကားတစ်ခွန်းတောင်
ပြန်မပြောချေ…. ထိုအချိန်မှာပင်
အခန်းထဲကို လမ်းလျှောက်လာသော
သားသားနဲ့မီးမီး….

လက်ညှိုးကို ပါးစပ်နားသို့ အမြန်ကပ်လိုက်ပြီး
တိုးတိုးလေးလာရန် လုပ်ပြလိုက်ချိန်
မြောက်ကြွမြောက်ကြွနှင့် ဖြစ်သွားကြသည်
ကြည့်ပါဦး ဘယ်လောက်တောင်
ချစ်ဖို့ကောင်းလိုက်လဲ…

ခုတင်နားလေးသို့လာရန်
လက်ပြပြီးခေါ်လိုက်ကာ
ခုတင်ပေါ်သို့ နှစ်ယောက်စလုံးကို
တင်ပေးလိုက်ပြီး သူတို့ PaPa ကို
နှိုးရန် နှစ်ယောက်စလုံးကို တိုးတိုးလေး
ပြောလိုက်တော့ နှစ်ယောက်စလုံးက
ပြုံးပြသည်….

ပြီးတော့ သူတို့ PaPa အနားကို
ကပ်သွားကာ Baek ရဲ့ပါးကို
တရွှတ်ရွှတ်နှင့် နမ်းပြီး သွားနှိုးနေကြသည်….
ကျွန်တော်နှိုးနေတုန်းကတော့
မသိချင်ယောင်ဆောင်နေသည့်
Baek က သူ့ကလေးတွေလည်း
လာနှိုးရော ချက်ချင်းကို ပါးလေး
မို့တက်လာသည်အထိ ပြုံးကာ
ကလေးနှစ်ယောက်ကို သူ့ရင်ဘတ်ထဲသို့
တစ်ယောက်တစ်ဖက်စီ ဆွဲချပြီး
ပြန်နမ်းနေသည်…..

သူ့ရင်ဘတ်ထဲကို ထည့်ထားသည့်မီးမီးက
Baek လည်ပင်းကို လက်ညှိုးထိုးပကာ

“ PaPa …. နာနာကြီး…”

ဆိုပြီး ပြောလေသည်..ဟင်...ဘယ်တုန်းက အနာဖြစ်သွားတာလဲဟု စိုးရိမ်မိ၍
မီးမီး လက်ညှိုးထိုးပြသည့်နေရာအား
Baek ၏ မေးစိလေးကို ကိုင်ကာ
မော့စေလိုက်ပြီး ကြည့်လိုက်တော့ ညက ကျွန်တော်သောင်းကျန်းထားသည့်
အရာတွေပင်…..

My little world - S2 ( Z+ U )Where stories live. Discover now