Baek Soonnie 😏

5.6K 544 28
                                    

( Zawgyi )

“ Appa....အီး....ဟီး...”

ဆိုကာ ကျွန်တော်အလုပ်လုပ်နေသည့်
စာကြည့်ခန်းထဲက စားပွဲနားသို့ 
လုံးတုံးလုံးတုံးနှင့် ပြေးလာသည့်
Baek Soonnie လေး....

မွေးကတည်းက ခေါင်းကို
ကတုံးခဏခဏမတုံးပေးဘဲ
အရှည်ထားထားသည့် ဆံပင်လေးမို့
အခု တစ်နှစ်နဲ့ငါးလ အရွယ်ရောက်တော့ 
ဆံပင်လေးက ဂုတ်ဝဲလေးဖြစ်နေပြီ...

နောက်ပြီး သမီးလေး၏ဆံပင်လေးတွေက
သူ့ Papaနှင့်တူတာဖြစ်မည်...
ပျော့ပျော့လေးနှင့် အိအိလေးတွေ...

ကလေးရဲ့ ဆံပင်လေးတွေလည်း
ထိုကဲ့သို့ပင်...
နည်းနည်းလေးလှုပ်ရှားလိုက်တာနဲ့
ယိမ်းနွဲ့နေလေသည်...
အခု သမီးလေး ကျွန်တော့ဆီ
ပြေးလာတော့လည်း ဆံပင်လေးတွေက
လှုပ်ခါ လှုပ်ခါဖြင့်....

အက်ျီပန်းရောင်လေးကိုဝတ်ထားပြီး
အောက်က Diaper လေးတစ်ခုသာ
ဝတ်ထားကာ ငိုရင်းနှင့်ပြေးလာပုံထောက်ရင်
သူ့ကို စကပ်ဝတ်ပေးသည်ကို
မဝတ်ချင်၍ သူ့ Papa လက်ထဲကနေ 
ထွက်ပြေးလာပုံပင်....

ဒီနေ့ ပိတ်ရက်မို့ မနေ့ကမပြတ်လိုက်သည့်
အလုပ်လေးတွေကို ပြီးအောင်လုပ်နေတုန်း
လူဆီကို ငိုကာပြေးလာသည့် သမီးငယ်လေးကို
ကောက်ချီကာ ပေါင်ပေါ်တင်လိုက်တော့...
ကျွန်တော့ကိုဖက်ထားကာ
ခေါင်းကလည်းရင်ဘတ်ထဲကို တိုးလို့...
ဘာတွေစိတ်ကောက်လာပြန်ပြီလဲမသိ...
တွေးလို့မှ မဆုံးသေး...
အနောက်ကနေ Baekရဲ့အော်သံလေးအား ကြားလိုက်ရသည်...

“Park Baek Soon...ဘယ်မှာလဲ...”

တွေ့လား...ကျွန်တော်ပြောပါတယ်...
တစ်ခုခုဖြစ်လာပါပြီလို့...

သူ့ Papa ရဲ့အော်သံကြားတာကြောင့်
ရင်ဘတ်ထဲက သမီးကလည်း
ကျွန်တော့လို မျက်လုံးလေးပြူးပြီး
အသံလာရာဘက်ကို
ခေါင်းလေးလှည့်ကြည့်နေသည်....

ဘာဖြစ်ကြမှန်းမသိတာကြောင့် 
သမီးလေးအား ငုံ့ကြည့်လိုက်ကာ

“ မင်းသမီးလေး...Papa ကဘာလို့
စိတ်တိုနေတာလဲ...သမီးလေး
ဘာလုပ်ခဲ့တုန်း...”

လို့မေးလိုက်တော့ မျက်ရည်လေးတွေ
ဝိုင်းလာကာ မျက်ဝန်းအိမ်
သေးသေးကျယ်ကျယ်လေးထဲကနေ 
မျက်ရည်တွေ စီးကျလာတော့သည်...

My little world - S2 ( Z+ U )Donde viven las historias. Descúbrelo ahora