( Zawgyi )
“ ကလေး ကိုယ့်ကို ခဏလောက်
သွားခွင့်ပြုပေးနိုင်မလား....”ဟု တိုးရှရှ မေးလာသည်…..
“ မပြုလည်း သွားမှာပဲမလား....
သွားပါ...ရပါတယ်...
ကျွန်တော် အဲ့ဒီ့လောက်
စိတ်ထားလည်း မယုတ်ညံ့ပါဘူး...နေမကောင်းတဲ့ကလေးက သူ့အဖေကို
တွေ့ချင်နေတာလည်း အပြစ်မဟုတ်သလို
သားရဲ့ ဆန္ဒကို ဖြည့်စည်းပေးချင်လို့
ကျွန်တော့ကို လာတွေ့တဲ့ အဲ့အစ်မလည်း
အပြစ်မရှိဘူး...တကယ်တမ်းအပြစ်ရှိတာက ကျွန်တော်...
ကျွန်တော်က ခင်ဗျားကို ယုံခဲ့မိတာ....
အရာအားလုံးကို ပုံအပ်ပြီး
စုံလုံးကန်းခဲ့တာ...
ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့
ခံနိုင်ရည်ရှိအောင် နေ နေပါတယ်….သွားတွေ့လိုက်ပါ...
ကလေးက တော်တော်နေမကောင်းဘူးလို့
အဲ့အစ်မ ငိုပြီးပြောသွားတယ်…ခင်ဗျားကိုပဲ တနေတယ်တဲ့...
ခွဲစိတ်မှုလုပ်ဖို့ကို ခင်ဗျားမလာရင်
မလုပ်ဘူးဆိုပြီးငြင်းနေတယ်တဲ့....”ဟုပြောပြီး သူကိုင်ထားတဲ့
ကျွန်တော့လက်ကို သူ့လက်ထဲကနေ
စောင့်ဆွဲလိုက်ကာ အခန်းအပြင်သို့
ထွက်ခဲ့ကာ အောက်ထပ်သို့
ဆင်းလာပြီး ထမင်းစားခန်းထဲသို့
ဝင်နေလိုက်တော့သည်…..သိပ်မကြာဘူး အပေါ်ထပ်ကနေ
ဆင်းလာပြီး...ထမင်းစားခန်းထဲသို့
လိုက်လာကာ ကျွန်တော့ နဖူးကို
ဖိနမ်းသွားပြီး....“ ကိုယ် အမြန်ပြန်လာခဲ့မယ်နော်...
ပြန်လာတော့မှ အားလုံးကို
ကိုယ်ရှင်းပြမယ်....
ကိုယ့်ကို စောင့်နေပေး....”ဆိုသည့် စကားလေးသာပြောသွားပြီး
ထွက်သွားတော့သည်...
စိတ်တွေတိုလိုက်တာ...
ဒီလောက်လိမ်ထားတာကိုအားမရသေးဘဲ
ဘာတွေကို ထပ်လိမ်မလို့ကြိုးစားနေတာလဲ...ခင်ဗျားက စောင့်နေပါဆိုတိုင်း
ကျွန်တော်က ဘာကိစ္စစောင့်နေရမှာလဲ...ခင်ဗျားသာ မှန်ခဲ့ရင်
မသွားခင်လေးမှာ ဒါတွေအားလုံးက
အမှန်မဟုတ်ဘူးဆိုတဲ့ စကားလေးတစ်ခွန်းပဲ
ဖြစ်ဖြစ် ခင်ဗျားပါးစပ်ကနေ ဟကြည့်...
YOU ARE READING
My little world - S2 ( Z+ U )
Fanfictionကလေးငယ် ကိုယ့်ရဲ့ အချစ်တွေကို အဆုံးမဲ့ ယုံကြည်ပြီး ခံစားကြည့်လိုက်....