Wolf🐺 and 3 pigs🐷

4.3K 424 71
                                    

( Zawgyi )

" ဟူး...ဘယ်လိုပဲတွေးတွေး
နောက်ဆုံးတော့လည်း အလုပ်လုပ်ရမှာ
မဟုတ်ပါဘူး...”

ဟု သက်ပြင်းလေးချကာ
ညည်းညူသလိုလေး
ပြောပြလာသည်...
သနားပါတယ် ကလေးတစ်ယောက်တည်း...

“ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး ဦးနဲ့ အတူတူ
တစ်နေကုန်ရှိနေရလို့ ပိုပျော်တယ်….ဟီးဟီး…”

ဟု ပြန်ပြောလာပြန်သည်….
တကယ့်ကလေးကွာ….
သူလေးရင်ဖွင့်လာသည်ကို
နားထောင်ရတာ ရင်ထဲမကောင်းဘူး….
တောင်းပန်ပါတယ် ကလေးရယ်….
ကိုယ်တကယ်ကို မစဉ်းစားခဲ့မိဘူး….

“ ကိုယ်နဲ့အချိန်ပြည့် အတူတူ
ရှိနေချင်တာပေါ့လေ...ဟုတ်လား...”

“ ဟုတ်….”

ဟု ရိုးရှင်းစွာပင်ပြန်ဖြေလာသည်….
စကားတစ်ပြောပြောနှင့် လမ်းလျှောက်လာရင်း
ဝက်သားကင်ဆိုင်လေးသို့ ရောက်လာတော့သည်...

လာတုန်းက ကျွန်တော်ကHoonnieလေးကို
ချီလာခဲ့သော်လည်း ....ထိုင်တော့
ကျွန်တော်နှင့် Soonnie လေးကတစ်ဖက်..
Baek နှင့် Hoonnie လေးကတစ်ဖက်
ထိုင်ဖြစ်ကြသည်....

ဘယ်လိုဖြစ်တာလဲဆိုတော့....
Soonnie လေးကထိုင်ခုံမှာထိုင်တော့မှ

“ Appa ….Appa…. ဒီဂိုရာ…. “

ဟု အော်တာကြောင့် ကျွန်တော်က
Soonnie လေးဘေးသို့ သွားထိုင်လိုက်ရပြီး
Baek ကတော့ Hoonnie လေးနှင့် အတူတူ
ထိုင်ပေးရသည်....

အငယ်ဆုံးလေး ဂျစ်တူးလေး...
သူဆိုးလို့ ရမှန်းသိလို့ ဆိုးနေတာ...
အီးပေလေး....

နေရာတွေဘာတွေ ယူကာ ထိုင်စောင့်နေကြစဉ်
ကျွန်တော်က

“ သမီးလေး..သမီးဝက်သားကြိုက်လား...”

ဟု မေးလိုက်တော့ ခေါင်းလေးကိုသာ
ညိတ်ပြသည်...

“ သားရော….”

ဟု မေးလိုက်တော့ Hoonnie လေးက

“ Nae….” ဟု ပြန်ဖြေလာသည်…..

စကားပြောနေကြစဉ်
ဆိုင်ဝန်ထမ်းတွေက ဝက်သားများကို
ဗန်းကြီးဖြင့် ကျွန်တော်တို့ ထိုင်နေသည့်
စားပွဲဆီသို့ သယ်လာသည်....

My little world - S2 ( Z+ U )Where stories live. Discover now