( Zawgyi )
ဦးဖျော်ပေးထားသည့်
စတော်ဘယ်ရီဖျော်ရည်ကို
ခုတင်ခေါင်းရင်းကိုမှီကာ
ခြေထောက်ဆင်းပြီးထိုင်နေသော
ဦးရင်ခွင်ထဲကိုမှီပြီး သောက်နေရင်း..." ဦး....ကလေးလေးတွေ နာမည်ကို
စဉ်းစားပြီးပြီလား....
ဘယ်လိုလေးတွေ ပေးရင်ကောင်းမလဲ...."" ဟင်... ကလေးရော....
စဉ်းစားထားတာ ရှိလား..."" ဟုတ်...စဉ်းစားထားတာတော့ရှိတယ်..."
" အင်း ... ပြောပါဦး...."
" သားသားလေး နှစ်ယောက်ဆိုရင်...
Park Chan Hoon နဲ့ Park Chan Soon
မီးမီးလေး နှစ်ယောက်ဆိုရင်တော့....
Park Baek Moon နဲ့ Park Baek Soon လို့ ပေးမလားလို့....
စဉ်းတော့ စဉ်းစားထားတာပဲ....
တစ်ယောက်ချင်းစီဆိုရင်တော့
အဲ့နာမည်လေးတွေထဲက
တစ်ခုစီပေးမယ်လေ..."" အင်း နာမည်လေးတွေက...
ချစ်ဖို့ကောင်းတယ်.."" အဆင်ပြေတယ်မလား...
ဦး စဉ်းစားထားတာ ရှိရင်လည်းပြောလေ..."" အင်း...စဉ်းစားထားတာမျိုးတော့
မရှိပေမယ့် နာမည်လေးတွေအကုန်လုံးကို
Baek နဲ့တော့စချင်တယ်...ဥပမာကွာ.... Baek Hoon, Baek Soon,
Baek Moon, Baek Joon အဲ့လို....
ကိုယ့်နာမည်အစမပါရင်တောင် ရတယ်...ကလေးနာမည်လေးပါရင် ရပြီ...
ကိုယ့်မျိုးရိုးနာမည် Park နဲ့
ကလေးရဲ့နာမည် Baek လေးကို
တစ်တွဲတည်း ထားစေချင်တယ်..."သူက ကျွန်တော့ကို
အလေးထားပေးတော့လည်း ပျော်ရသည်.... ဒါပေမယ့် စလိုက်ဦးမယ်..." အံမယ်...အဖိုးကြီးက လာရိုနေတယ်...
ဟား...ဟား...."" ကလေးနော်...
ကိုယ်က အတည်ပြောနေတာကို...
ကိုယ့်နာမည်မပါရင်နေ
ကလေးနာမည်လေးပါရင်ကို
ကျေနပ်တယ်လို့ပြောတာကို....
ဘာလဲ...လှောင်တာလား...."စလိုက်တော့လည်း ထင်တဲ့အတိုင်းပင်....
သူ စိတ်တိုပြီလေ....ကျွန်တော်ကလည်း
သူ့ကို စိတ်တိုအောင်ကိုစချင်နေတာ...." အယ်... ဦးကလည်း
လှောင်တာမဟုတ်ပါဘူး...
သဘောကျလို့ပါဗျာ...
ဟိုး...ဟိုး... ဟိုးထား အဖိုးကြီး
စိတ်ကောက်မယ်တော့ မကြံနဲ့နော်...."
KAMU SEDANG MEMBACA
My little world - S2 ( Z+ U )
Fiksi Penggemarကလေးငယ် ကိုယ့်ရဲ့ အချစ်တွေကို အဆုံးမဲ့ ယုံကြည်ပြီး ခံစားကြည့်လိုက်....