Part 13 (Unicode)

9K 1K 43
                                    

ဒန်နရယ်တို့ တည်ရှိနေရာ မြေအောက်ရွာနှင့် အလှမ်းဝေးသော တောင်တန်းများ၏ အမြင့်မားဆုံးတောင်ထိပ်ပေါ်တွင် ယောက်ျားပျိုတစ်ဦးနှင့် နတ်ဆိုးတစ်ကောင်ရှိနေသည်။ အသက်နှစ်ဆယ်အရွယ် ယောက်ျားပျို၏ မည်းနက်ရှည်လျားသော ဆံပင်နက်များမှာ ဓါးအစင်းပေါင်းများစွာ ချိတ်ဆွဲထားသလို ဖြောင့်စင်းနေသည်။ ၎င်း၏ကျောမှ ရှည်လျားသောအနက်ရောင် တောင်ပံတစ်စုံမှာလည်း မဟူရာကျောက်များဖြင့် ပြုလုပ်ထားသလို ညအမှောင်မှာ တောက်ပနေသည်။

ဖြူဝင်းသောအသားရောင်ကို ထင်ဟပ်စေသည့် ဇာကွက်များလို အမည်းရောင်ကွက်များပါသော အပေါ်ဝတ်စုံနှင့် ခြေထောက်ထိရှည်သော အသားကပ်ဘောင်းဘီရှည်အနက်ရောင်ကို ဝတ်ဆင်ထားပြီး ထူးဆန်းသော သင်္ကေတများပါသည့် ရွှေခါးပတ်တစ်ခုကို ဝတ်ဆင်ထားသည်။ အလယ်ခွဲချထားသော ဆံပင်များက လူငယ်၏ ခပ်သွယ်သွယ်မျက်နှာကို ဖုံးအုပ်ထားပြီး မျက်လုံးပတ်လည်မှာ နက်မှောင်နေသည်။ ၎င်း အလယ်မျက်ဆံမှာမူ ပတ္တမြားရောင် ရဲရဲတောက်နေသည်။ နီညိုရောင်သန်းသော နှုတ်ခမ်းတစ်ခုထောင့်မှာ ကြောက်စရာကောင်းလွန်းသည့် အပြုံးတစ်ခုရှိနေသည်။ ထိုလူငယ်သည် ဖရက်ဒီ၏ ဖခင် စေတန်နတ်ဆိုးပင်ဖြစ်သည်။

"သခင်လေးကို ကျွန်တော်တို့သွားခေါ်ရတော့မလား သခင်ကြီး.."

စေတန်နတ်ဘေးမှ ခေါင်းသုံးလုံးနှင့်နတ်ဆိုးဖြစ်သည့် ဂေါဒနတ်မှာ သခင်ဖြစ်သူကို ကြောက်ရွံ့စွာ မော့ကြည့်နေသည်။ စေတန်နတ် ယခုလို ပြုံးတိုင်း တစ်ယောက်ယောက်သောသူသည် ကြီးမားသော ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရမည်မှာ ကျိန်းသေသည်။ ဖရက်ဒီ ပျောက်ကွယ်သွားချိန်တွင် စေတန်နတ်မင်းအကြီးအကျယ်စိတ်ဆိုးကာ သူနှင့်မာစီကို ပြစ်ဒဏ်ခတ်လာလိမ့်မည်ဟု ထင်ထားခဲ့သည်။ ထူးဆန်းစွာဖြင့် စေတန်နတ်သည် စိတ်မဆိုးသည့်အပြင် ဖရက်ဒီနှင့် ဒန်နရယ်တို့ မမြင်နိုင်လောက်သည့်နေရာမှ လိုက်ကြည့်ရုံသာ ကြည့်နေခဲ့သည်။

ထူးခြားသော လုပ်ဆောင်ချက်ဟူ၍ ဖရက်ဒီတို့ရောက်လာမည့် လမ်းရှိ လူသားများနေထိုင်ရာ မြေအောက်ရွာတစ်ခုကို ဂေါဒနှင့်အတူ သွားရောက်ကာ လူတစ်ယောက်မှမကျန်အောင် ရက်ရက်စက်စက်သတ်ပစ်ခဲ့သည်သာရှိသည်။ ဒါပေမယ့် အကုန်လုံးကို သတ်ဖြတ်ပစ်ခဲ့သည်တော့မဟုတ်။ လူသား ကလေးငယ်တစ်ယောက်ကိုတော့ ဒဏ်ရာတစ်ခုနှင့် ချက်ချင်းမသေအောင် ထားခဲ့သည်။ ဂေါဒနားမလည်မိသည်မှာ ထိုလူသားများကို သတ်ဖြတ်ခဲ့စဉ် စေတန်နတ်သည် ဖရက်ဒီနှင့် တထေရာတည်းတူအောင် မိမိကိုယ်ကို ရုပ်ပြောင်းပြီးမှ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

Black AngelWhere stories live. Discover now