"သခင်လေး.. ဒန်နရယ့်ကို သေချာရှင်းမပြခဲ့ဘူးလား..."
ကျောက်ပလ္လင်ပေါ်တွင် မေးထောက်ကာ ငြိမ်သက်စွာ ထိုင်နေသော ဖရက်ဒီ့ကိုကြည့်ကာ အဘိုးအိုမာစီမှာ မနေနိုင်စွာ မေးခွန်းထုတ်လာသည်။
"ဟင့်အင်း....."
"ဘာဖြစ်လို့လဲ သခင်လေး..."
ဖရက်ဒီ ဗိမာန်ပြင်ကို လှမ်းကြည့်နေရာမှ သူ့ဘေးမှ အဘိုးအိုကို မျက်မှောင်ကုတ်ကာ လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် အဘိုးအို၏ စိတ်ဝိညာဉ်ကိုပါ ဖောက်ထွင်းကြည့်ချင်သည့်နှယ် စူးရှနေသည်။
"ဒီမေးခွန်းကို ကျွန်တော်က ခင်ဗျားကို မေးချင်တာ.. ခင်ဗျားဘာဖြစ်လို့ ကျွန်တော်တို့နှစ်ယောက်ကို ဒီလောက် အဆင်ပြေစေချင်နေတာလဲ...."
အဘိုးအိုမှာ ဖရက်ဒီ၏ စူးရဲသောအကြည့်များကို ရင်မဆိုင်ရဲသလို ခေါင်းငုံ့သွားသည်။
"သခင်လေးကို စိတ်ချမ်းသာစေချင်လို့ပါ....."
"စိတ်ချမ်းသာစေချင်တယ်.. ဟုတ်လား... ဘာဖြစ်လို့စိတ်ချမ်းသာစေချင်ရတာလဲ.. ခင်ဗျားဟာ ဂေါဒလို ကျွန်တော့်နောက်လိုက် အစေခံတစ်ယောက်ပဲ.. ဘာလို့ဂေါဒထက်ထူးပြီး ဖခင်ကို ကျေနပ်အောင် လုပ်ပေးရမှာထက် ကျွန်တော့်ရဲ့စိတ်ချမ်းသာမှုကို အလေးထားနေရတာလဲ...."
"သ..သခင်လေး အထင်မှားနေပြီ..."
"မာစီ... ခင်ဗျား ကျွန်တော့်ကိုလျှို့ဝှက်ထားတာ ဘာတွေရှိသေးလဲ.."
"သခင်လေး ဘာကိုဆိုလိုတာလဲ.. ကျွန်တော်မျိုး ဘာကိုလျှို့ဝှက်ထားလို့လဲ သခင်လေး.."
"ခင်ဗျားဘယ်သူလဲ.. ကျွန်တော့်မိခင်ဟာ နတ်ဘုရားမဆိုတာကို ခင်ဗျားဘာလို့သိနေရတာလဲ...."
ဖရက်ဒီ ကျောက်ပလ္လင်ပေါ်မှခုန်ဆင်းကာ အဘိုးအိုရှေ့တွင် ရပ်တန့်လိုက်သည်။ အဘိုးအို၏ မျက်လုံးများ ပြူးကျယ်သွားကာ နောက်သို့ခြေလှမ်းသုံးလှမ်းခန့် လှမ်းဆုတ်သွားသည်။ သူ၏ ကျောမှာ ဗိမာန်နံရံကို ထိကပ်သွားသည်။

DU LIEST GERADE
Black Angel ( S - 1 )
Fantasy(Unicode & Zawgyi) - - - မင်းတို့လူသားတွေမှာ နှလုံးသားမရှိဘူး ဒန်နရယ် - - - Cover Design - Leo Bee