Zawgyi

657 40 1
                                        

ကျနော် hyung ကို သဘောကျတယ်

☆☆☆

"တီ..တီ..တီ.."

"အာ..ဒီနာရီကလည်း..ကျောင်းပိတ်ရက်ကြီး
ဘာလို့လာမြည်နေတာလဲ"

အဆက်မပြတ်မြည်နေတဲ့ နာရီကို ချက်ချင်းယူပြီ
လှမ်းပိတ်ပြီးတော့မှ ခေါင်းထဲ ဝင်လာတာက

"Ashi...ဒီနေ့ Hyung ကျောင်းမှာ ပွဲရှိတာဘဲ..
Park Jisung ရေ..ညကတောင် သတိရပြီ ဘယ်လိုမေ့သွားတာလဲ.."

ချက်ချင်း အိပ်ရာကထ ကိုယ်လက် သန့်စင်ပြီး ညက အဆင်သင့်ထုတ်ထားတဲ့ အကျီင်္တွေမြန်မြန်ဝတ် မှန်ထဲက ကိုယ့်ရုပ်ကိုတချက်လောက်ကြည့်ပြီ do

"..မဆိုးပါဘူး..ဒီလောက်ဆို hyung မျက်စိထဲ ငါချောနေလိုက်မှာပါ..ဟီး"

💙

"jisung ...!!"

"Hyung!!"

သူကို လှမ်းခေါ် ပြီး ပြေးလာသော hyung ပိစီ ‌သေးသေးသည် သူမျက်စိထဲတွင် ဘေးက hyung ဆွဲထားတဲ့ ပန်းချီကား တွေထက်တောင် ပိုလှသေးသည်

"Jisung မလာလိုက်ဘူးလို့ hyung ထင်နေတာ"

အနားရောက်လာတော့ hyung က သူ့ ပခုံးကို လှမ်းပုတ်ပြီးမေးသည်

"Hyung ဖိတ်ထားတာ ကျနော်က မလာဘဲ နေမလား"

"ဟုတ်ပါပြီ ..ဒါနဲ့ ဘယ်လိုလဲ hyung ပန်းချီကား တွေ အဆင်ပြေရဲ့လား..."

အရောင်တလက်လက် တောက်နေတဲ့ မျက်လုံးတွေနဲ့ မေးလာသော hyung က သက်ရှိ အရုပ်လေးတခုလို

"ဒါပေါ့ hyung ပန်းချီကား တွေက အားလုံး ထဲမှာ အလှဆုံးဘဲ..."

"ဟား....ဟား...ဟုတ်ပါပြီ..
ဒါဆို hyung ဟိုဘက် ခဏ သွားလိုက်ဦးမယ်
ပြန်ရင် အတူတူ ပြန်မယ် သိလား.."

"ဟုတ်...ဟုတ်.."
ထွက်သွားတဲ့ hyung ကို ငေးကြည့်ရင်း သူ့ခေါင်း ထဲမှာ ကျန်ခဲ့တာက hyung ရဲ့ အတူတူ ပြန်မယ်ဆိုတဲ့ စကားသံလေးသာ

"Haung Renjun..haung Renjun!"

ဖုန်း ဂိမ်းဆော့နေရင်း hyung နာမည်ကြားလို့ လှည့်ကြည့်တော့ unplugged မှာ hyung ကို သီချင်း ဆိုဖို့ တောင်းဆိုနေကြသူတွေ....
အစက ဆိုဖို့ ငြင်းနေတဲ့ Hyungကတော့ နောက်ဆုံးတော့ ဆိုဖို့ လက်ခံရတဲ့ ပုံပင်

🎶 Tian Mi Mi.. no Xiao de tian Mi Mi
Hao xiang hua er Kai zai chun li 🎶

ဂီတ သံ ခပ်အေးအေးနဲ့ အတူတူ ထွက်လာသော
Hyung ရဲ့ အသံဟာ hall ခန်းတခုလုံး မှာ ငြိမ့်ငြောင်းစွာ ထွက်ပေါ်လျက်....ဆုတောင်းကောင်းလွန်းခဲ့တဲ့ hyung ဟာ လူတင်မက အသံကပါ နှလုံးသားကို ငြိမ်းချမ်းစေနိုင်သည်....
Hyung ကို ကြည့်ရင်း ကြည်နူးနေတာကနေ
‌အရောက်တောက်စွာနဲ့ hyung ကို ကြည့်နေတဲ့ သူတွေကို တွေ့ပြန်တော့ အလိုလို မဲ့မိပြန်သည်
Hyung ကို သဘောကျ လိုချင်နေတဲ့ သူတွေများတာ သူမကြိုက်ဘူး...ဒါပေမယ့် အဲလိုပြောရအောင် Hyung က သူ့အပိုင် မဟုတ်ပြန်ဘူး

ဖြောင်း..‌ဖြောင်း

ူသူတွေးနေတာကနေ hyung သီချင်းဆိုတာ ပြီးသွားတာတောင် မသိလိုက်ရ
စင်ပေါ်က hyung ကတော့ အပြစ်ကင်းစွာ ပြုံးနေလျက်....သူကတော့ စိတ်မချမူများစွာနဲ့သာ

"Jisung ...ဘာဖြစ်လာလို့လဲ....စောင့်ရတာ ကြာသွားလို့လား"

အတူအိမ်ပြန်လမ်းမှာ အတွေးများနေသော သူ့ကို hyung က တစ်မျိုးထင်သွားပုံပင်

"မဟုတ်ပါဘူး...ဒီအတိုင်း တွေးစရာလေးတွေ ရှိလို့ "

"အော်..."

"ဒါနဲ့ Hyung သီချင်းဆိုတာ အရမ်းနားထောင်လို့ ကောင်းတယ်...

"ဟုတ်လား ကျေးဇူးဘဲဟီး"

"hyung..."

"ပြောလေ JISUNG.."

သူပြောမှာကို စောင့် နေတဲ့ hyung

hyungမျက်လုံးတွေကိုစိုက်ကြည့ပြီး‌‌နောက်ဆုံး‌တော့ ရဲစွန့်ပြီး ပြီးပြောလိုက်သည်

"ကျနော်hyungကို သဘော ကျ တယ် "

My first and lastWhere stories live. Discover now