.
.
"သမီး..Chae ရေ..သမီးအစ်မကိုသွားကြိုရအောင်..""......."
Chaeyoung ကမတုန့်ပြန်...Ms Park Shin Hye တစ်ယောက်...သူမ သမီးအကြီး..New Zealand က ပြန်လာပြီးဆိုတော့...လေဆိပ်မှာသွားကြိုဖို့....သမီးအငယ်ကို. ခေါ်ပေမယ့်....သူမ...သမီးအငယ်က မတုန့်ပြန်တာမို့...စိတ်တိုလာပြီး...
"မိ Chaeyoung နင့်အစ်မကို...သွားကြိုမယ်လို့ပြောနေတယ်လေ..."
"မသွားဘူး...:"
"ဘာပြောလဲ..မသွားဘူး..ဟုတ်လား.."
"ဟုတ်တယ်..အမေ့ ကိုယ့်ဘာသာ ကိုယ်သွားပါ..."
"Park Chaeyoung. .ငါ့ကိုစိတ်တိုအောင်လုပ်နေတာလား...:
"Chae အလုပ်သွားတော့မယ်.."
Chaeyoung ပြောပြီး..သူ့အိမ်ကနေအမြန်ထွက်ခဲ့လိုက်သည်။...သူအသည်းကွဲသွားတဲ့နေက..စပြီး..အခုမှ...ဒီနေ့မှ အလုပ်ပြန်စဆင်းတာပါ...
Chaeyoung ဒီနောက်ပိုင်း... သူ့အမေနဲ့..သိပ်စကားမပြောဖြစ်ကြပါ..။ သူ့မေမေက...သူ့အစ်မရဲ့စိတ်ကိုတော့ ဦးစားပေးပြီး...သူ့စိတ်ကိုတော့..အမြဲ ဖိအားပေးခဲ့တယ်...။ သူ့ဘ၀လက်တွဲအထိ..လိုက်ပြီးပိတ်ပင်တားဆီးခဲ့သည်...။
တကယ်ဆိုရင်. ဒီလိုပိတ်ပင်တာ..သူတကယ်မကြိုက်ပါ..သူ့ရဲ့မိခင် ဖြစ်နေလို့သာ....လက်ခံမိပေမယ့်..အလိုမကျမိ...။...အိမ်ကနေ ထွက်လာတော့...Jisoo အိမ်ရှေ့ဘက်ကို..ကားပတ်မောင်းလာခဲ့သည်။...Jisoo တို့ရဲ့ခြံနားမှာ..သူ့ကားရပ်လိုက်ပြီး..သူချောင်းကြည့်လိုက်တော့...ပန်းပင်လေးတွေကို..ရေလောင်းနေတဲ့...Jisoo ကိုလှမ်းတွေ့လိုက်တော့...ချက်ချင်းကားပေါ်ဆင်းပြီး...ခြံစည်းရိုးကို..ရအောင်...ကျော်တတ်လိုက်သည်။...Jisoo တို့အိမ်ရဲ့ခြံစည်းရိုးက...အုတ်တံတိုင်းနဲ့တစ်ပိုင်း..သံဘန်းနဲ့တစ်ပိုင်း ဆိုတော့...သူကျော်ရတာ..အဆင်ပြေသွားသည်။...
သူအမြန်ဘဲ...Jisoo နောက်ကိုသွားပြီး...ခါးကနေပွေ့ချီ လိုက်ပြီး..သူ့လက်တစ်ဖက်ကိုတော့...Jisoo ရဲ့ပါးစပ်ကိုအော်လို့မရအောင်ပိတ်ကာ...အိမ်အကွယ်တစ်နေရာကို..ပွေ့သွားလိုက်သည်။
Jisoo ကခြေထောက်တွေ..ခါပြီး
ရုန်းနေတာကြောင့်..."Ji မရုန်းပါနဲ့လား...ကိုယ်..ji ကိုအရမ်းလွမ်းနေလို့ပါ..."

YOU ARE READING
မုန်းလို့မရတော့...💖ချစ်နေမယ်...💖
Fanfictionအမုန်းကနေ...အချစ်ကို... ကူးပြောင်း တတ်ပါတယ်... ကိုယ်တိုင်က မထင်မှတ်တဲ့အချိန်တွေမှာပေါ့.. 💜💙❤💛