.
.
Chaeyoung ရဲ့ အမေ..လာသွားတဲ့ နေ့ကစပြီး..
Lisa ရဲ့ အမေ လုံးဝ ကျန်းမာရေးမကောင်းတော့..
ထမင်းလည်း..ပုံမှန်မစား..
ဆေးလည်း မသောက်တော့..
စကားလည်း...မပြော....
အချိန်ပြည့်...သမီးအကြီး...ကိုသာ..တမ်းတနေသည်။...
.
.
Lisa Company ကို မသွားရတာ ၂ပတ်တောင်ကျော်သွားပါပြီ...
Bam bam နဲ့သာ အလုပ်မှန်သမျှကို လွဲထားခဲ့လိုက်သည်။...
လိုအပ်တာရှိရင်တော့..bam bam ကအိမ်အထိ လာရောက်ပြီး...သူ့ကို တွေ့ရသည့်အထိပင်...။
တဖြည်းဖြည်းနဲ့ သူ့မေမေရဲ့ ကျန်းမာရေးက ဒီတစ်နေ့ရွှေ ဖြစ်လိုက်...နောက်တစ်နေ့ငွေ ဖြစ်လိုက်နဲ့ ဆိုးရွားလာသည်။..
သူ့မေမေရဲ့ ရှေ့ဆက် ကျန်းမာရေးက Jisoo လက်ထဲမှာပါ...။
ခက်တာက...Jisoo ကို အစအန တောင်ရှာလို့မတွေ့...။
.
.
.
Next Month. ..
.
ဒီနေ့တော့ Lisa မေမေ..အသဲသန် ဖြစ်တော့..ဆေးရုံတင် လိုက်ရသည်..။ နှလုံးကအရမ်း အားနည်း နေပြီး..နောက်တစ်ခုက လူနာဖြစ်တဲ့ lisa အမေလည်း
စိတ်ဓာတ်အရမ်းကျနေပြီ...
ဘယ်လိုပင်..Lisa ချော့ပြောနေပါစေ...သူ့မေမေကတော့...နားမ၀င်တော့ပါ....။
.
.
Next day. ..
.
ဆေးရုံရဲ့..VIP လူနာအခန်းမှာ...
Lisa နဲ့ သူ့မေမေ နှစ်ယောက်သာရှိသည်။...ဆေးနဲ့ အစာ မှန်သမျှကိုလည်း...ပိုက်နဲ့သာ သွင်းနေရသည့် အဆင့်အထိ သူ့မေမေရဲ့ ကျန်းမာရေးက
လုံးဝ...မကောင်းတော့ပါ...။"မေမေ..ဘယ်လိုနေသေးလဲ...မေမေ..နေရထိုင်ရ သက်သာရဲ့လား...ထိုင်မလို့လားဟင်!..lili ထူပေးမယ်နော်.."
သူ့မေမေထိုင်ရသက်သာအောင် ဆိုပြီး..ဖြည်းဖြည်းနဲ့ထိုင်လို့ရအောင်ထူပေးလိုက်သည်။ ...နောက်ကျောကို ခေါင်းအုံးလေးနဲ့ခုပေးကာ..သက်သာ သလို ထိုင်စေပြီး...သူ့မေမေ လက်ကို ဆုပ်ကိုင်ထားလိုက်သည်။...
"Lili လေး...မေမေ ..မရှိတော့ရင်လည်း..သမီး...Chu ကိုတွေ့အောင်ရှာနော်"
"ဟုတ်..မေမေ..ဘာတွေပြောနေတာလဲ..မေမေက..မမ..Chu ပြန်လာတဲ့အထိ..ရှိနေရမယ်လေ...."
"မေမေ..မစောင့်နိုင်တော့ဘူး...မေမေ..အရမ်းပင်ပန်းနေပြီ..မေမေနားချင်နေပြီ..lili လေးရယ်"
"အဆို..အားရှိသွားအောင်..မေမေအိပ်လိုက်လေ..lili အနားမှာဘဲနေပေးမယ်နော်..."
"အင်..မေမေအိပ်တော့မယ်နော်.."
"ဟုတ်..မေမေ.."

YOU ARE READING
မုန်းလို့မရတော့...💖ချစ်နေမယ်...💖
Fanfictionအမုန်းကနေ...အချစ်ကို... ကူးပြောင်း တတ်ပါတယ်... ကိုယ်တိုင်က မထင်မှတ်တဲ့အချိန်တွေမှာပေါ့.. 💜💙❤💛