Ephemeral Touch Ch-9

345 52 0
                                    




Unicode

(zawgyi below)


Jungwoo's POV

မဖွင့်နိုင်သေးသောမျက်လုံးများဟာ အသိစိတ်ကပြန်ဝင်လာချိန်မှာ အလိုလိုပွင့်လာခဲ့တယ် ကျွန်တော်ပြန်နိုးလာချိန်မှာ ကျွန်တော့်ပတ်ဝန်းမှာအသံတစ်စုံတစ်ရာဆိုလို့ဘာမှမကြားရ။ ကျွန်တော်နိုးလာတာတော့မဟုတ်ဘူး ကျွန်တော်ပြန်သတိရလာတာဖြစ်နိုင်တယ်

ခြောက်ကပ်နေတဲ့ကျွန်တော့်နှုတ်ခမ်းအစုံဟာတစ်လွှာနဲ့တစ်လွှာကပ်နေတယ် လျှာနဲ့သပ်ကာခွာလိုက်တော့ အနည်းငယ်တုန်ယင်သလိုလိုဖြစ်သွားတယ်

ကျွန်တော်ဘာဖြစ်ခဲ့တာလဲဆိုတာကိုသေချာမသိပေမဲ့ ခြံဝင်းထဲကအရွက်တွေကိုအကုန်အစင်စားလိုက်ပြီးနောက်မှာအသက်ရှူကျပ်လာပြီး ကျွန်တော်ပစ်လဲသွားခဲ့တာကိုတော့မှတ်မိနေတယ်

ကျွန်တော်ကုတင်ပေါ်ကဆင်းလိုက်တယ် တစ်စုံတစ်ယောက်ကိုရှာဖို့အတွက်ပေါ့ ခပ်နွေးနွေးနေရောင်ခြည်ကမှန်ပြတင်းပေါက်နေဝင်နေတယ် ကျွန်တော်ကတော့အေးစက်စက်နဲ့အားမရှိသူတစ်ယောက်သဖွယ် လှုပ်ရှားမှုတွေနှေးနေတယ်

အမှန်ဆို ကျွန်တော်သူ့ကိုမရှာသင့်ပါ

သို့သော် ကျွန်တော်သူနဲ့ပိုပိုပြီးရင်းနှီးလာသလိုရှိတယ် ဘာ့ကြောင့်လဲ?

ကျွန်တော်သိပ်မုန်းပါတယ်ဆိုတဲ့မိစ္ဆာကိုကျွန်တော်ဘာ့ကြောင့်အမြင်ကြည်လာရတာလဲ ဒီအမေးအတွက်ကျွန်တော်ထင်မိတွေးမိတဲ့အဖြေကိုကျွန်တော် သေချာအောင်ချမှတ်ဖို့သူ့ကိုအခုရှာနေမိတာဖြစ်တယ်

အမှန်တိုင်းပြောရရင် ကျွန်တော်ဟာငယ်စဉ်ကတည်းကဂရုစိုက်ခြင်းနဲ့ကင်းဝေးခဲ့သူတစ်ယောက်ဖြစ်ပေမဲ့ မိစ္ဆာတစ်ကောင်ဆီကဂရုစိုက်မှုတွေကိုတော့ဘယ်တော့မှမတောင့်တခဲ့ပါ

ဒါပေမဲ့ကျွန်တော့်ကိုဂရုစိုက်မှုပေးနေတာလည်း ဒီမိစ္ဆာပဲဖြစ်တယ်

သူကျွန်တော့်ကို "မင်းကိုဘယ်တော့မှမစားတော့ဘူး" လို့ပြောလိုက်တဲ့နေ့ကစပြီး သူကျွန်တော့်နားကို အစာတစ်ခုလိုမချဉ်းကပ်တော့တာကိုကျွန်တော်သတိထားမိတယ်

Ephemeral TouchDonde viven las historias. Descúbrelo ahora